12. ရေသောက်ချင်လာတယ်?

4.7K 595 13
                                    

ဖြတ်သန်းသွားတဲ့ လမ်းတစ်လျှောက်မှာ ရှိနေတဲ့ သစ်ပင်တွေ လယ်ကွင်းတွေကို ငေးမိနေတော့တာပဲ။ ဖေဖေကရော ဘယ်တွေမြန်းရောက်နေပါလိမ့်။

ပြတင်းပေါက်မှန်ချထားတော့ တိုးဝှေ့ဝင်လာတဲ့ လေပြည်သော့သော့က ရိပေါ်ရဲ့ဆံနွယ်ရှည်ရှည်တွေကို ကျီစယ်တိုက်ခတ်သွားတယ်၊

"စားဦးမလား ရိပေါ်"

အသံလာရာလှည့်ကြည့်လိုက်တော့ လက်ချောင်းသွယ်သွယ်တွေပေါ်က လိမ္မော်သီးခပ်သေးသေးလေးတွေ။

"ဟုတ်"

ရိပေါ် ယူစားလိုက်တယ်။

ချိုမြတဲ့အရသာနဲ့အတူ ရှောင်းကျန့်ကို အပြုံးချိုချိုတွေနဲ့ ကျေးဇူးတင်ကြောင်းပြတဲ့အခါ မျက်မှောင်ကျုံ့သွားတယ်။

ကိုကိုက သူ့ကို ဘယ်တော့များမှ အပြုံးချိုချိုနဲ့ တုံ့ပြန်လိမ့်မလဲ။

အစားနည်းတဲ့ ရိပေါ်ကတကယ်ပဲ မနက်စာကို အနည်းငယ်ပဲစားခဲ့တာကြောင့် ရှောင်းကျန့်မှာ တတိတိဂရုစိုက်ပေးရတယ်။ လိမ္မော်သီးသေးသေးနှစ်လုံးစားပြီးတဲ့အခါ ပြတင်းပေါက်အပြင်ကိုပဲဆက်လို့ ငေးနေတာပဲ။

ကမ်းရိုးတန်းလမ်းကိုမောင်းနေရတဲ့အတွက် ကားအန္တရာယ်ကတော့ ကားမောင်းကျွမ်းကျင်တဲ့ ရှောင်းကျန့်အတွက်တော့ ထူးပြီးစိုးရိမ်နေစရာမလိုဘူးဖြစ်တယ်။

လေသံလေးနဲ့ သီချင်းညည်းရင်းလိုက်ပါလာတဲ့ ရိပေါ်က တကယ်ချစ်ဖို့ကောင်းတယ်ဆိုတာတော့ ရှောင်းကျန့် တိတ်တိတ်ကလေး ဝန်ခံရမယ်။

သီချင်းသံလေးတိတ်သွားတော့ လှည့်ကြည့်မိလိုက်တယ်။ ပြတင်းပေါက်ဖွင့်ထားတဲ့ ကားတံခါးမှာ ပါးတင်ပြီး အိပ်ပျော်နေပြီ။ လေကြောင့် လွင့်ပျံ့နေတဲ့ ဆံပင်ထူထူရှည်ရှည်တွေက မျက်နှာပေါ်ကို ကပိုကယို အုပ်လို့နေတယ်။

ရှောင်းကျန့် ကားကို အရှိန်သတ်ရင်း မျက်နှာပေါ်ကျနေတဲ့ ဆံနွယ် အချို့ကို လက်နဲ့ လှမ်းသပ်တင်ပေးလိုက်တယ်။

" ဆံပင်ရှည်ထားချင်တာပဲရှိတာ.. အမြဲတမ်းဖရိုဖရဲနဲ့"

ရှောင်းကျန့်က တိတ်တိတ်ကလေးရေရွတ်လိုက်မိပါရဲ့။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Nơi câu chuyện tồn tại. Hãy khám phá bây giờ