အိပ်ပျော်နေပြီဖြစ်တဲ့ ရှောင်းရမ်လီ(ရှောင်းမား)ကို စောင်အသေချာခြုံပေးရင်း နဖူးပေါ်ခပ်သာသာ မွှေးကြူလိုက်တယ်။
"မေမေ့ကို ကျွန်တော် တောင်းပန်ပါတယ်"
မလိမ္မာဘဲ ဆိုးချင်နေတဲ့အတွက်... အကြီးဖြစ်ပြီး လူကြီးမဆန်မိတဲ့အတွက်။
ရှောင်းကျန့်က အထက်တန်းစာမေးပွဲတွေ ပြီးတာနဲ့ ဦးလေးဖြစ်သူရှိရာ လန်ဒန်ကိုလိုက်သွားတော့မှာဖြစ်တယ်။
တကယ်လည်းဆုံးဖြတ်ပြီးပြီ။
ဝမ်ဆိုတဲ့ အရိပ်အာဝါသတွေနဲ့ မေမေက မလွတ်ကင်းနိုင်ရင်တောင် သူက လွတ်ကင်းမှဖြစ်မယ်။ ရှောင်းကျန့်က တကယ် ဒီလူတွေကို မတွယ်တာလိုက်ချင်တော့ ကိုယ့်ဘာသာထိန်းချုပ်ရတယ်။
မေမေ့အခန်းတံခါးကို အသာလေးပိတ်ပြီး ကိုယ့်အိပ်ခန်းကိုယ်ပြန်လိုက်တယ်။
တဖက်အခန်းက မှောင်ချထားတဲ့မီးရောင်နဲ့အတူ ရိပေါ်ဆိုတဲ့ ကောင်လေးကိုမြင်ယောင်သေးတယ်။
" မာမားကို လုမယူပါဘူး " တဲ့။
စိတ်ရှုပ်စရာပေမဲ့ သနားစရာလေးလည်းဖြစ်နေပြန်တယ်။
သို့ပေမဲ့ သနားချင်စိတ်ဟာ ပိုက်ဆံချမ်းသာလွန်းတဲ့ ဝမ်လူကြီးရဲ့ သားဆိုတဲ့တစ်ချက်နဲ့တင် နင်းခြေလိုက်လို့ရတယ်။
သူ ဝမ်ရိပေါ်ကို မမုန်းရင်တောင် ချစ်ချင်စိတ်တော့ထားနိုင်မယ်မထင်တော့ဘူး။
••••
ကန်တင်းက ထမင်းဝိုင်းက ခပ်တိတ်တိတ်ဆိတ်ဆိတ်။
ချန်းဖန်က ပန်းကန်ထဲက ခေါက်ဆွဲတွေကို ခက်ရင်းနဲ့ ထိုးမွှေနေတယ်။ စားတာလည်းမဟုတ်ပါဘဲ။
" မင်းက တကယ်ပဲ သွားဖို့ဆုံးဖြတ်ထားတာလား "
"အေး... ငါ ဒီလူကြီးနဲ့တော့ အတူမနေနိုင်ဘူး"
"အဓိပ္ပာယ်မရှိတာ ကျန့်ကျန့်ရာ... "
ကျန်းဟိုင်ရဲ့ အားမလိုအားမရဝင်ပြောမှုကို ချန်းဖန်က လေးလေးပင်ပင်ခေါင်းညိတ်နေပြန်တယ်။
" ငါ နားမလည်တာက မင်းဘာလို့ ဒီလူကြီးကို မတရားမုန်းနေတာလဲဆိုတာကိုပဲ "
ВЫ ЧИТАЕТЕ
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
ФанфикшнDon't come into my life No... if you have a plan to leave me , don't come in...
