Unicode
တရိပ်ရိပ်ဝင်ရောက်လာတဲ့ အလင်းရောင်နဲ့အတူ ထွေးဖက်ထားတဲ့ ကိုယ်ခန္ဓာနှစ်ခုဟာ ပုံစံမပျက်တည်ရှိနေတယ်။
ဗလာကျင်းနေတဲ့ ကျောပြင်ကို ခပ်သာသာလေးပွတ်ပေးတော့ နိုးတစ်ဝက်ဖြစ်နေတဲ့ ကောင်လေးက လွန့်လူးလာလေတယ်။
"အင်း... "
"နိုးပြီလား. . . "
"ဟုတ်"
မျက်ဝန်းမှေးမှေးကလေးတွေနဲ့အတူ ပါးလေးတွေမို့တက်သွားအောင်ပြုံးပြလာတယ်။
ဒီလိုမြင်ရတော့ ငယ်ရုပ်မပြောင်းသေးတဲ့ရိပေါ်ပါပဲ။ ငယ်ငယ်က နွားနို့ခွက်ကိုင်ရင်း တံခါးလာလာခေါက်တတ်တဲ့ ကောင်ငယ်လေးကိုတောင်ပြေးမြင်သွားတယ်။
ဆံပင်ရှည်တွေကို ခပ်ဖွဖွထိပွတ်ရင်း နဖူးပြင်ကို နှာသီးထိပ်နဲ့ထိကပ်ထားစေလိုက်တယ်။
"အလုပ်သွားရဦးမယ်လေ"
"ပင်ပန်းနေတယ်မလား... နားချင်ရင် နားလိုက်လေ"
"ကိုကိုရော... "
"ကိုယ်က သွားရမှာပေါ့"
ဘာမှမပြောဘဲ မျက်လုံးတွေမှိတ်ရင်း ခန္ဓာကိုယ်ကို အောက်လျှောလို့ သူ့ရင်ခွင်ထဲ အတင်းတိုးဝင်တယ်။
"အခုက တကယ်ပေါ့နော်"
"အင်း တကယ်ပေါ့"
ဆံပင်ရှည်ရှည်ထူထူတွေကိုကစားနေတဲ့လက်တွေဟာ ဆက်ပြီးလှပ်ရှားနေတုန်းပဲ။
"ပေါင်ပေ့... "
"ဗျာ... "
"ချစ်တယ်. . . "
မော့ကြည့်လာတဲ့ မျက်နှာဖွေးဖွေးကို ဆွဲယူရင် အနမ်းတွေရေးခြယ်ပစ်လိုက်တယ်။
နောက်ဆက်တွဲအကျိုးအကြောင်းဆိုးဆိုးကောင်းကောင်းပါလေ... ရိပေါ်အနား သူရှိပေးဖို့ပဲ ရှောင်းကျန့်က ဆုံးဖြတ်ထားတော့တယ်။
•••••
အလုပ်မသွားဖြစ်တာကြောင့် အိမ်မှာနေရင်း ရှင်းစရာတစ်ချို့ လုပ်စရာတစ်ချို့ကို နည်းနည်းစီလုပ်ရင်း ကျန်ရစ်ခဲ့တယ်။
ကိုကိုကတော့ ရေမိုးချိုးပြီး အလုပ်ကို သွားပြီ...။
ရိပေါ် စဉ်းစားရင် တကယ်ပျော်ရတယ်။ ကိုကိုဟာ သူ့အပိုင်မဟုတ်ရင်တောင် သူ့ကိုတော့ ကိုကိုပိုင်ဆိုင်သွားပြီဖြစ်တယ်။
ESTÁS LEYENDO
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
FanficDon't come into my life No... if you have a plan to leave me , don't come in...