45. ကမ္ဘာကြီးက ကျဉ်းတယ်

3.2K 361 14
                                        

Unicode

​ရှောင်းကျန့်အလုပ်မှာနေရတာ စိတ်မချတော့ဘူး။ ရှောင်းကျန့်တို့နှစ်ယောက်အတူနေတဲ့ အိမ်ကို အရင်အပတ်က လူစိမ်းဝင်ထားတယ်။

ဖောက်ထွင်းမှုတစ်ခုအပြင် ဗစ်တာကပါ ခြေထောက်လေးနာနေတော့ ရိပေါ်က စိုးရိမ်စိတ်ရော ကြောက်စိတ်ရော ရှိနေတာကို ထုတ်မပြောပေမယ့် သူသိနိုင်တယ်။

​တိရစ္ဆာန်ဆေးကုခန်းသွားတဲ့တစ်လျှောက်လုံးရိပေါ်က ငူငူငိုင်ငိုင်။ ဗစ်တာက ပေါင်နားမှာ ချွန်ထက်တာ တစ်ခုခုနဲ့ ထိုးခံထားရသလိုမျိုးမို့ သွေးတွေထွက်ပြီး မနည်းအသက်လုရတယ်။

​သို့ပေမယ့် ကျန်းမာတဲ့ ဗစ်တာကတော့ မကြာခင်ပဲ နလန်ပြန်ထူလာခဲ့တယ်။

အခုထပ်ပြီးပူပန်နေရတာကလည်း အဲ့သလိူပဲ။ ရှောင်းကျန့်က ဒီရက် အလုပ်တွေအနည်းငယ်စိပ်တယ်။ တခါတရံ ကိုယ်တိုင် မဆိုင်းမတွနဲ့ခရီးသွားရတဲ့အခါ ဝမ်ရိပေါ်ကို အိမ်မှာ ထားခဲ့ရတာမို့ စိတ်ပူတယ်။

ပိုလို့စိတ်ပူတာ နောက်တစ်လဆို သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲအတွက် ခရီးသွားဖို့ရှိနေတာပဲ။ မင်္ဂလာပွဲနီးရင် အစစအရာရာ ဂရုစိုက်ရတယ်ဆိုတာလည်း အလကားမှမဟုတ်တာပဲ။

"ရိပေါ်... ကိုယ့်ရုံးမှာလာနေမလား"

"အဆင်ပြေပါတယ်ကိုကိုရဲ့ "

မနက်ဖြန်ဆို ဂျပန်ကို လေးရက်လောက်သွားရမှာဖြစ်တယ်။ ရှောင်းကျန့်ကလည်း အခုနှစ်တွေမှ ရုံးခွဲတွေမှာ ပြဿနာတွေပေါ်နေတာကို စိတ်တိုဒေါသထွက်ရတယ်။ ဝမ်မိသားစုရော ရှောင်းမိသားစုရောရဲ့ စီးပွားရေးအင်အားနှစ်ခုပေါင်းထားတာမို့ ရှောင်းကျန့်အတွက်က အတော်လေးရုန်းခဲ့ရတာ... အခုထိလည်း ပေါ့ပါးနေတယ်ရယ်လို့မရှိ။

ဒါတောင် ရှောင်းကျန့်က အလုပ်ကိုပင်ပန်းတယ်လို့ကိုမထင်တတ်တဲ့လူမျိုးမို့။

"ကိုယ် လေးရက်ကြာမယ် ရိပေါ်... အစစအရာရာဂရုစိုက်နော်... တစ်ခုခုဆို ချန်းဖန်တို့ စီစီတို့ရှိတယ် သူတို့ကိုသာ ခေါ်လိုက်"

"ဟုတ်ကဲ့ပါ ကိုကိုရ ကျွန်တော်လည်းယောက်ျားပါဗျ"

လက်သီးလက်မောင်းတန်းပြရင်းနဲ့ ပြောတော့ ရိပေါ်ကို ရှောင်းကျန့်ကရယ်တယ်။ ပြိိးတော့ထုံးစံအတိုင်းခေါင်းလေးကိုပွတ်ဖွလို့ နဖူးလေးကို နမ်းရှိုက်တယ်။

 𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||Место, где живут истории. Откройте их для себя