ဝမ်ရိပေါ်က ဗစ်တာ့ကို ဗိုက်ပေါ်တင်ပြီး ဆိုဖာပေါ်မှာ သူပါ အိပ်ပျော်နေတယ်။ အရွယ်နည်းနည်းကြီးလာတဲ့ ဗစ်တာက အသက်ငယ်ငယ်တုန်းကလောက် အဆော့မသန်။ အအိပ်အစားပိုပြီးမက်လာတယ်။
ဝမ်ရိပေါ်ကတော့ သင်တန်းနားရက်မို့ အိမ်မှာပဲ အားရပါးရနားတယ်။ နိုင်ငံတကာ အကပြိုင်ပွဲတွေ မရှိသေးတာမို့ ရိပေါ် တဝကြီးနားထားရတယ်။
လွန်ခဲ့တဲ့ ရက်တွေကတောင် သင်တန်းသားတွေကိုဆိုင်တစ်ဆိုင်မှာ လိုက်ကျွေးခဲ့သေးတယ်။ ထိုအတန်းက မိန်းကလေးလည်းများတာမို့ ဆူညံသံတွေ တရုန်းရုန်းပါပဲ။
ရှောင်းကျန့် အိမ်ပြန်လာတော့ ရိပေါ်က အိမ်ရှေ့က ဆိုဖာမှာ အိပ်ပျော်နေတယ်။ ဗစ်တာကလည်း ရိပေါ်နည်းတူ ရိပေါ်ရဲ့ ဗိုက်ပေါ်မှာ အိပ်ပျော်နေပြန်တယ်။
"အိပ်နိုင်သေးတယ်..."
ရှောင်းကျန့်က Necktie ကို ခပ်ကြမ်းကြမ်းဆွဲလျော့လိုက်ပြီး မီးဖိုချောင်ထဲ ဝင်ကာ ရေသောက်လိုက်တယ်။
သူစိတ်ကို လျှော့ချထားမှဖြစ်မယ်။ အရမ်းချုပ်ချယ်လို့ မဖြစ်မှန်းသိပေမယ့် ဗီဒီယိုထဲမှာလို တွဲကပြီး ပျော်မြူးနေတာမျိုးကိုတော့ ရှောင်းကျန့်တကယ်မနှစ်မြို့။
အနည်းငယ် ခပ်ဆောင့်ဆောင့် နိုင်နေတဲ့ သူ့အပြုအမူတွေကြောင့် ရိပေါ်က နိုးလာတယ်။ ဗစ်တာ့ကို ပိုက်လျက်နဲ့ပဲ မီးဖိုချောင်ထဲ ဝင်လာလိုက်တယ်။ ဗစ်တာကတော့ ရိပေါ်လက်ထဲမှာပဲ အိပ်လျက်ပါလာတယ်.
"ပြန်ရောက်ပြီလား ကိုကို"
"အင်း"
ရိပေါ် အိပ်ချင်မူးတူးစိတ်ကလေး နည်းနည်းပျောက်ဆုံးသွားတယ်။ ကိုကိုက အေးစက်စက်နဲ့။
"ညနေစာစားတော့မလား... ရေချိုးဦးမလား။ အတန်းမရှိတော့ ဒီနေ့ ဟင်းသေချာချက်ထားတယ်"
"ရေချိုးဦးမယ်"
ကိုကိုက သူ့ကိုကျောခိုင်းပြီး ထွက်သွားတယ်။ ရိပေါ်ကသက်ပြင်းချတော့ ရင်ဘတ်ထဲမှာ ပိုက်ထားတဲ့ ဗစ်တာက မျက်လုံးဖွင့်ကြည့်တယ်။ ရိပေါ်က နှုတ်ခမ်းမဲ့ပြပြီးခေါင်းကို ငဲ့လိုက်တော့ မျက်လုံးမှိတ်ပြီးပြန်အိပ်သွားတယ်။
YOU ARE READING
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
FanfictionDon't come into my life No... if you have a plan to leave me , don't come in...
