Unicode
"စုန့်ထျန် လာသွားတာ"
မျက်နှာတင်းတင်းနဲ့ ထိုင်နေတဲ့ ကိုကို့လက်တွေကိုသွားထိကိုင်တော့ ကိုကိုက အနည်းငယ်တည်ငြိမ်တဲ့လေသံနဲ့အတူ ပြောလာတယ်။
"ကိုကိုသူ့ကိုမကြိုက်ဘူးဆိုတာ သိတယ်ဟုတ်?"
"ကျွန်တော်လည်း မကြိုက်ဘူး"
ရိပေါ်က အချွဲလေး... ရင်ခွင်ထဲ တိုးဝှေ့လို့ နေတယ်။
"စိတ်လျှော့နော်... ကိုကိုမျက်နှာတင်းနေရင် ကျွန်တော်က ကြောက်တယ်"
မျက်လုံးလေးဝိုင်းပြီးပြောလာတဲ့ သူ့ကြင်နာသူ။
"အင်း... ရိပေါ်ကို ကိုယ်ယုံတယ်နော်"
"ဟုတ်"
ကိုယ်ငွေ့နွေးနွေးရှိနေတဲ့ နဖူးကို ရှောင်းကျန့်တယုတယလေး နမ်းရှိုက်လိုက်တယ်။
မြန်မြန်လေးနေကောင်းပါတော့ ကလေးငယ်
•
•
•
ရေချိုးခန်းရဲ့ရေသံအပြင် အိမ်ထဲမှာ တိတ်ဆိတ်နေတယ်။
ဗစ်တာကတော့ ကုန်နေတဲ့ နွားနို့ခွက်ဘေးမှာ တုံးလုံးကြီးအိပ်ပျော်လို့နေတယ်။
"အေးလား ရိပေါ်"
ထိုင်ခုံတစ်လုံးနဲ့အတူ ဘေစင်ဘေးမှာ နေရာချခံထားရတဲ့ ရိပေါ်က ခေါင်းကို ဘေစင်မှာ မှေးတင်ထားတယ်။
မိုးလင်းကတည်းက တကုတ်ကုတ်နဲ့ပြင်နေတဲ့ ကိုကိုက ရိပေါ်ကိုခေါင်းလျှော်ပေးဖို့ဖြစ်တယ်။
ဘေစင်က ခပ်ကျယ်ကျယ်မို့ ရေဘုံမိုင်က ကျတဲ့ရေကို ခွက်လေးနဲ့အသာခံလို့ ဆံပင်တွေပေါ်ကိုငြင်ငြင်သာသာလောင်းချတယ်။
"နည်းနည်းတော့အေးတယ်"
"ခဏလေးနော် ကိုယ်မြန်မြန်လျှော်ပေးမယ်"
လက်ချောင်းရှည်ရှည်သွယ်သွယ်တွေက ရိပေါ်ရဲ့ ဆံပင်ပျော့ပျော့တွေဆီမှာ ပြေးလွှားနေတယ်။
လက်ဖက်နံ့သင်းသင်းလေးမွှေးတဲ့ ရှန်ပူကို ကိုကိုက အသုံးပြုပုံပဲ။
ဒါ ရှောင်းကျန့်အမြဲသုံးလေ့ရှိတဲ့ ရှန်ပူဖြစ်တယ်။
ကိုကိုခေါင်းလျှော်တဲ့နေ့တွေဆို ဒီရနံ့သင်းသင်းက အိမ်ထဲမှာ ပျံ့လွင့်နေတာ။
ESTÁS LEYENDO
𝙳𝙾𝙽'𝚃 𝙲𝙾𝙼𝙴 𝙸𝙽 || 𝚉𝚂𝚆𝚆 ||
FanfictionDon't come into my life No... if you have a plan to leave me , don't come in...
