1970 နိုဝင်ဘာလ 18ရက်
အချိန်ကား နေဝင်ခါနီးဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ရီပျိုးနေသည်။
ထိုစဥ်တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားသောအရိပ်နှစ်ခုသည်အသစ်စက်စက်အုတ်ဂူရှေ့တွင်ရပ်နေသည်။ ထိုအရိပ်နှစ်ခု၏ပိုင်ရှင်မှာဦးစောကြည်ဖြူ နှင့်သူ၏မြေးဖြစ်သူ မှိုင်းလုံပင်ဖြစ်လေသည်။ အသက်လေးနှစ်သာရှိသေးသောမှိုင်းလုံသည် မျက်ရည်များစီးကျလျက်အဘိုးဖြစ်သူ ဦးစောကြည်ဖြူ ၏လက်အားဆွဲ၍မေးလိုက်လေသည်။"ဘိုးဘိုးကြီး သခင်လေးနဲ့ကိုကို့ကိုမှိုင်းလုံနောက်ဘယ်တော့မှမတွေ့ရတော့ဘူးပေါ့နော်"
"တွေ့ရမှာပေါ့မြေးရယ် သူတို့နှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက်ဒီလောက်ချစ်တာ သူတို့အချစ်တွေခိုင်မာကြောင်းကိုကမ္ဘာကြီးကိုသက်သေပြဖို့ဆက်ဆက်ပြန်လာပါလိမ့်မယ်ကွယ်"
ဦးစောကြည်ဖြူ၏မျက်ဝန်းများသည် မျက်ရည်အချို့ဝေ့နေသော်လည်းခိုင်မာယုံကြည်မှုများနှင့်ပြည့်နှက်နေသည်။အံတင်းတင်းကြိတ်ထား၍ထောင်နေသောမေးရိုးများနှင့်ပင်မြေးဖြစ်သူ မှိုင်းလုံ ကိုထပ်၍ပြောပြခဲ့သည်။
"ကံကြမ္မာစက်ဝန်းတစ်ပတ်ပြန်လည်တဲ့အခါသူတို့နှစ်ယောက်ပြန်လည်ဆုံတွေ့ကြလိမ့်မယ်။အဲ့ဒီ့အခါရောက်ရင်သူတို့အချစ်တွေပြန်လည်ရှင်သန်လာလိမ့်မယ် ဘယ်သူမှကြားဝင်လို့မရတဲ့အချစ်မျိုးနဲ့ပေါ့"
"မင်းစောင့်နေရမယ်ငါ့မြေး သခင်လေးကိုအလုပ်အကျွေးပြုဖို့ မင်းစောင့်နေရမယ်နောက်အနှစ်နှစ်ဆယ်ကြာတဲ့အခါ သခင်လေးဟာ 'မှိုင်း' မျိုးရိုးထဲမှာပဲပြန်ပြီးလူဝင်စားလိမ့်မယ်ဒီတစ်ခါတော့သခင်လေးရဲ့နှလုံးသားကိုမင်းအသက်နဲ့ရင်းပြီးကာကွယ်စောင့်ရှောက်ပေးပါ ဘိုးဘိုးကြီးမလုပ်နိုင်ခဲ့ပေမယ့်မင်းတော့လုပ်နိုင်လိမ့်မယ်လို့ဘိုးဘိုးကြီးယုံကြည်ထားပါရစေ"
မှိုင်းလုံ၏မျက်ဝန်းများသည်လေးနှစ်သားအရွယ်နှင့်ပင်မလိုက်အောင်စူးရဲလာလျက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းဖြင့် ....
"စိတ်ချပါဘိုးဘိုးကြီး ဒီနေရာမှာအိပ်စက်အနားယူနေတဲ့ သခင်လေးနဲ့ကိုကို့ကိုသက်သေထားပြီးမှိုင်းလုံကတိပေးပါတယ် မှိုင်းလုံရဲ့အသက်ပေးရမယ်ဆိုရင်တောင် မွေးဖွားလာမယ့်သခင်လေးအတွက်တာဝန်ကျေစေရပါ့မယ် "
ထိုအခါမှဦးစောကြည်ဖြူသည်သက်ပြင်းအသာချကာတစ်ဖြည်းဖြည်းမှောင်လာသောကောင်းကင်ကိုမော့ကြည့်လျက်
"ဘိုးဘိုးကြီးမရှိတော့ရင်ငါ့မြေးဘယ်လောက်ပဲမုန်းမုန်းသခင်မကြီးစကားကိုနာခံရမယ်နော်ကြားလား"
"ဟုတ်ကဲ့ပါဖိုးဖိုးကြီး"
'သခင်လေးကျွန်တော်အကြွေးတင်နေတဲ့ကိစ္စအတွက်နောက်ဘဝမှကြေအောင်ဆပ်ပါရစေဗျာ ကျွန်တော်တောင်းပန်ပါတယ်'
ဆိုသောစကားစုကိုတော့ ရင်ထဲမှာပင်တီးတိုးရေရွတ်လျက်မျက်ဝန်းများမှိတ်ထားမိတော့သည်။
19.5.2021
red chrysanthemum
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Mystery / Thriller"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...