2.(Unicode)မွေးဖွားခြင်း

2.5K 171 0
                                        

1990ခုနှစ် ဒီဇင်ဘာ 11

အပြင်လောကတွင်မြူနှင်းများထူထပ်စွာကျဆင်း၍အရိုးကွဲလုမတက်ချမ်းအေးနေသော်လည်း"ဒဏ္ဏာရီမှိုင်း"စံအိမ်အတွင်းရှိလူများသည်ကား ခြေခြင်းလိမ်အောင်ပြေးလွှားရ၍ချွေးများပင်စို့နေရသည်။အကြောင်းမှာအိမ်ကြီးရှင်သခင်မကြီး၏ချွေးမဖြစ်သူ'ထားမြင့်မိုရ်'တစ်ယောက်သားဦးအားဖွားမြင်နေ၍ဖြစ်သည်။ခင်ပွန်းဖြစ်သူ'ဦးမှိုင်းကျော်ခေါင်'မှာလည်းရသမျှဘုရားစာများအားရွတ်ဖတ်၍ ဇနီး​နှင့်ကလေးဘေးကင်းစေရန်ဆုတောင်းလျက်ရှိသည်။

"စိတ်ငြိမ်ငြိမ်ထားစမ်းကျော်ခေါင် ငါ'မှိုင်းဧကရီ'ရဲ့မျိုးစက်ပဲ ကြိမ်းသေပေါက်ဘေးကင်းကင်းနဲ့မွေးဖွားလာလိမ့်မယ်"

အသံနဲ့အတူရောက်ရှိလာသူကတော့'ဒဏ္ဏာရီမှိုင်း 'စံအိမ်ကြီး၏တစ်ဦးတည်းသောသခင်မကြီးဒေါ်မှိုင်းဧကရီပင်ဖြစ်သည်။ အသက်ငါးဆယ်ကျော်နေသော်လည်း လေးဆယ်လောက်သာထင်ရအောင်နုပျိုသူဖြစ်သလို မာန်မာနလည်းအလွန်ကြီးမားသူဖြစ်သည်။

"ဒါပေမယ့်မယ်မယ်ရယ် ထားကနှလုံးရောဂါရှိတဲ့အပြင် ကလေးကလည်းထွားတယ်ဆိုတော့ကျွန်တော်စိုးရိမ်တယ်ဗျ"

"ဆေးရုံမှာမွေးတာအကောင်းဆုံးပဲလို့ဆရာဝန်ကပြောတာတောင်မယ်မယ်ဘာလို့စံအိမ်မှာပဲမွေးခိုင်းရတာလဲ"

ဇနီးဖြစ်သူကိုစိုးရိမ်နေ၍မိခင်ဖြစ်သူကိုပင်မကြောက်မရွံ့မေးခွန်းထုတ်မိလေသည်။

"တိတ်စမ်း!"

"မှိုင်းမျိုးရိုးကသွေးသားကိုနိမ့်ကျတဲ့ဆေးရုံလိုနေရာမျိုးမှာမွေးခိုင်းစရာလား?စံအိမ်မှာလည်းတစ်နိုင်ငံလုံးမှာအတော်ဆုံးဆိုတဲ့ဆရာဝန်တွေငှားပေးထားတာပဲ။ မင်းကဘယ်သူ့အားကိုးနဲ့ငါ့ကိုမေးခွန်းထုတ်တာလဲပြောစမ်းမှိုင်းကျော်ခေါင်"

စကားအဆုံးတွင်ဦးမှိုင်းကျော်ခေါင်တစ်ယောက်မျက်နှာများဖြူဆုတ်လာသည်အထိကြောက်သွားရသည်။သူဆိုသည်မှာဘယ်လိုပဲမှိုင်း မျိုးနွယ်၏သခင်လေးတစ်ယောက်ဆိုသော်လည်း တစ်ကယ်တမ်းတွင်အမည်ခံသာသာရှိသည်။နောက်ကွယ်တွင်ကြိုးကိုင်သူမှာဒေါ်မှိုင်းဧကရီသာဖြစ်သည်။

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now