3.(Unicode)အစပြုခြင်း

1.7K 140 2
                                    

"27years later"


!ဗုန်း!

"အမလေး!"

ရုတ်တရက်စားပွဲပေါ်သို့ပစ်တင်လိုက်သောကျောပိုးအိတ်ကြောင့်အကုန်လုံးလန့်သွားစဥ်ခုံတွင်ဝင်ထိုင်လာသော တစ်ယောက်ဆီသို့အကြည့်ရောက်ချိန်တော့သူမတို့အားလုံးနားလည်လိုက်ကြသည်'ထုံးစံအတိုင်းဖြစ်လာပြီ'ဆိုတာပင်။

"ကဲ..ပြောပါဦးဒီတစ်ခါလည်းအဆင်မပြေပြန်ဘူးလားစောမောင်"

မှိုင်းရွှေစက်၏အမေးကိုစောမောင်ဆိုသူက 'ကျစ်'ခနဲစုပ်တစ်ချက်သပ်၍ပြန်ဖြေလာသည်။

"ဟုတ်တယ်ဟ အခုခေတ်ကနင်တို့လည်းသိတဲ့အတိုင်းပဲလေ အရည်အချင်းဘယ်လောက်ရှိရှိနောက်ခံမကောင်းရင်တိုးလို့မပေါက်ဘူးရယ် certificates တွေထက်စာအိတ်အဖြူထဲငွေပြည့်ဖို့ကအဓိကဖြစ်နေတော့လည်း ငါတို့လိုလူတွေချောင်ကပ်နေတာပေါ့"

သက်ပြင်းချရင်းစောမောင်ပြောတော့အကုန်လုံးစိတ်မကောင်းစွာနဲ့စောမောင်မျက်နှာကိုပဲကြည့်မိတော့သည်။​'ရွှေစက်'တို့လည်း ဘာမှမတတ်နိုင်ပေ။
စောမောင်ဟုသူမတို့ခေါ်သောသူ၏နာမည်အရင်းမှာ'စောသဒ္ဒါမောင်'ဖြစ်ပြီး သူမ၏နာမည်ကတော့'မှိုင်းရွှေစက်'ဖြစ်သည်။ မှိုင်းရွှေစက်တို့အဖွဲ့တွင်သူငယ်ချင်းလေးယောက်ရှိသည်။စောသဒ္ဒါမောင်၊ မှိုင်းရွှေစက်၊ လပြည့်မောင်နှင့် အိမ့်သျှင်ဝန်း တို့ဖြစ်သည်။

စောသဒ္ဒါမောင်သည်ငယ်စဥ်ကတည်းမိဘများမှာcar accidence ကြောင့်တစ်ပြိုင်နက်တည်းဆုံးပါးသွားသဖြင့် အဖွားဖြစ်သူနှင့်နေကာကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရန်ကြိုးစားနေသူဖြစ်သည်။  မှိုင်းရွှေစက်၏ချစ်သူလည်းဖြစ်သည်။

သူမမှိုင်းရွှေစက်ကတော့'ဒဏ္ဏာရီမှိုင်း'အိမ်တော်မှသခင်မလေးဖြစ်သော်လည်း အိမ်တော်မှသခင်များ၏လူလူချင်းခွဲ​ခြားလွန်းသောမျိုးရိုးမြင့်ဝါဒကိုမကြိုက်သဖြင့်အိမ်ပြေးမလေးလုပ်နေသူပင်။ သူမသည် 'မှိုင်း' မျိုးနွယ်ဖြစ်ကြောင်းကိုသူငယ်ချင်းများမပြောနဲ့ ချစ်သူဖြစ်သူစောသဒ္ဒါမောင်ပင်မသိပေ။ ကိုယ်ပိုင်ကော်ဖီဆိုင်လေးဖွင့်၍နေသောတစ်ကောင်ကြွက်မလေးဟုသာသိကြသည်။

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now