29.( Unicode)သဝန်တိုခြင်း (၂)🔞🔞

1.1K 78 2
                                    

Warning, age limit.

( အသက်မပြည့်သောကလေးများအတွက်မသင့်တော်သော အသုံးအနှုန်းနှင့်ဇာတ်ကွက်များပါသဖြင့် ၁၈ နှစ်မပြည့်သူများအနေနှင့် မဖတ်ရန်သတိပေးချင်ပါတယ်။)

.........................................,.............................

"မိန်းမယူပြီးကလေးမွေးမယ့်အစားဘာလို့များမင်းက ကိုယ့်မိန်းမလုပ်ပြီးကိုယ့်ကလေးကိုမွေးမပေးရတာလဲ "

အေးစက်နေသောစကားများတွင်ရောပါနေသောဒေါသအငွေ့အသက်များကသိသိသာသာ။ ရှက်စိတ်ခံပြင်းစိတ်တို့နဲ့အတူစောသဒ္ဒါမောင်စိတ်ထဲကဒေါသအိုးကလေးပေါက်ကွဲလာလျှင်....

" ခင်ဗျားကြီးဘာစကား​ပြောလိုက်တာလဲ.. ပြန်ပြောစမ်းပါ.. ကျွန်တော်ကများခင်ဗျားမိန်းမလုပ်ရမယ်ဟုတ်လား... ကမ္ဘာပတ်ပြီးဆုတောင်းနေလိုက် အခုချက်ချင်းကားရပ်ပေး ခင်ဗျားနဲ့အတူတူနေမယ့်အစားလမ်းပေါ်မှာတွေ့တဲ့လူနဲ့လိုက်သွားလိုက်မယ် အနည်းဆုံးတော့သူတို့ကလှည့်စားမှာမဟုတ်ဘူး "

" ဘာပြောလိုက်တယ်... လမ်းပေါ်တွေ့တဲ့လူနဲ့လိုက်သွားမယ်ဟုတ်လား... တောက်...စောမင်းကကိုယ့်သည်းခံနိုင်စွမ်းကိုခဏခဏလာထိနေတာပဲ "

မျက်နာကြီးနီလာသည်အထိဒေါသထွက်နေပြီး အံကြိတ်ပြီးပြောသောမိုးလုံးမှိုင်းရယ်ပါ။ စောသဒ္ဒါမောင့်ပခုံးကိုဆုပ်ကိုင်ထားသောလက်တို့ကိုပိုပြီးအားထည့်လိုက်လျှင်ပိန်ပါးပါးကောင်လေးကချက်ချင်းတုန့်ပြန်သည်။

" ထိတော့ဘာဖြစ်လဲ နာတယ်လို့လွှတ်စမ်းပါ... အစောကြီးထဲကပြောပြီးပြီလေ ကျွန်တော်ဖာသာကျွန်တော်ဘာပဲလုပ်လုပ်ခင်ဗျားကြီးစောက်ပူတစ်ပြားဖိုးမှမပါဘူးလို့ "

" ရတယ်လေ မင်းက ကိုယ့်အပူမပါဘူးထင်မှတော့ပါအောင်လုပ်ရတာပေါ့.. လာစမ်း..မင်း.."

ပြောရင်းဆိုရင်းပခုံးကိုဆုပ်ကိုင်ထားသော
မိုးလုံးမှိုင်း၏လက်အစုံသည်တစ်ဖက်ကစောသဒ္ဒါမောင့်ခါးသွယ်သွယ်လေးကိုဆုပ်ကိုင်လိုက်ပြီး တစ်ဖက်ကခေါင်းလုံးလုံးလေးကိုထိန်းကိုင်ကာရုန်းကန်နေသောကောင်လေး၏နှုတ်ခမ်းများကိုသူ့နှုတ်ခမ်းတို့နှင့်ထပ်တူကျစေလိုက်သည်။

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now