စောသဒ်ဒါမောငျသညျ သူမြင်တွေ့ခဲ့ရသောအဖြစ်အပျက်တို့အဆုံးတွင်လေဟာနယ်ကြီးတစ်ခုထဲသို့ရောက်သွားရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကမဲမှောင်နေပြီuး မြူများဖြင့်အုံ့မှိုင်းနေသည်။ ခပ်လှမ်းလှမ်းတွင်အလင်းရောင်လေးတစ်ခုကိုတွေ့လိုက်ရသဖြင့် အပြေးလေးရှာမိတော့ သူ့ကိုကျောပေးထားသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။
" ဒီမှာဗျ...ဒါကဘယ်နေရာလဲဟင်..ကျွန်တော်ဘယ်ရောက်နေတာလဲ "
ကျောပေးထားသောလူက သူ့ဘက်လှည့်လာသောအခါသူ့မျက်နှာနှင့်တစ်ပုံစံတည်းတူနေသောရုပ်သွင်ကြောင့်လန့်သွားရပြီး ဝတ်ဆင်ထားသောအဝတ်တို့ကိုမြင်မှ....
" ကွန်းခိုရာ? "
သူ့ရှေ့ကကောင်လေးကခေါင်းညိမ့်ပြသည်။
" မင်းဘာလိုချင်လို့ ဘာလို့ မင်းရဲ့အတိတ်ဘဝကိုငါ့ကိုပြရတာလဲပြီးတော့ဘွားတော်နဲ့ ကြည်နူးမေတို့ကဘာလို့ငါ့ကိုညာကြတာလဲ မှိုင်းသုရှင်ကရောဉီးမှိုင်းနဲ့ဘာလို့ရုပ်ချင်းဆင်နေတာလဲ"
သူ့ရဲ့များပြားလှသောမေးခွန်းတွေအဆုံးမှာတော့ ကွန်းခိုရာကခပ်ဖျော့ဖျော့လေးပြုံးပြသည်။
" ငါကမင်းပဲလေ "
" ဘာ"
" မင်းမမှတ်မိတဲ့မှတ်ဥာဏ်ပဲငါက ပြီးတော့မင်းနဲ့ငါကတစ်ယောက်တည်းပဲ "
စောသဒ်ဒါမောငျ နားမလည်နိုင်တော့ ကွန်းခိုရာဘာတွေပြောနေတာလဲ ။ ကွန်းခိုရာကတော့ သူ့ကိုထပ်မံကျောပေးလိုက်ပြီးခပ်ဆွေးဆွေးလေးပြောနေပြန်သည်။
" ငါကဒီနေရာကနေအမြဲသခင်လေးကိုငေးကြည့်နေခဲ့တာငါမရှိတော့တဲ့နောက်ပိုင်း သခင်လေးအဆင်ပြေလားလို့ပေါ့။ အဲ့ဒီ့နောက်ပိုင်းမှသိခဲ့ရတာကသခင်လေးကငါ့ကိုပေးဖို့လက်ထက်လက်စွပ်လေးတောင်ပြင်ဆင်ထားပြီးပြီဆိုတာပေါ့ "
စောသဒ်ဒါမောငျမသိစိတျကွောငျ့သူ့လကျခြောငျးတှဆေီငုံ့ကွညျ့လိုကျတော့ ရဲရဲနီနေသောပတ္တြမားလက်စွပ်တစ်ကွင်းကသူ့ဘယ်ဖက်လက်သန်းကြွယ်တွင်ဝတ်ဆင်ထားသည်။
" အဲ့ဒီ့လက်စွပ်ပဲ..... ငါသေပြီးသုံးလလောက်ကြာတော့သခင်လေးနဲ့ဘဘကြီးတို့ကအစီအရင်တစ်ခုကိုဘယ်သူမှမသိအောင်လုပ်ခဲ့ကြတယ်.....ပြန်လည်မွေးဖွားခြင်းအစီအရင်ပေါ့....မအောင်မြင်ခင်စပ်ကြားမှာသခင်လေးကလက်စွပ်ကိုသော့တစ်ချောင်းအဖြစ်ပြောင်းပြီး သူ့အခန်းကိုလျှို့ဝှက်အခန်းအဖြစ်ပြောင်းလဲခဲ့တယ်.....အဲ့ဒီအခန်းထဲမှာကုမ္ပဏီရဲ့သူပိုင်ဆိုင်တဲ့ရှယ်ရာတွေကိုဖွက်ထားခဲ့တယ်...အစီအရင်အောင်မြင်တော့သူ့ကိုယ်သူသတ်သေပြီးငါနဲ့အတူတူပြန်လည်မွေးဖွားဖို့ကြိုးစားခဲ့တယ်လေ "
ကွန်းခိုရာကပင့်သက်တစ်ချက်ရှိုက်ပြီးဆက်ပြောသည်...
" အမှန်တော့ငါကအစီအရင်လုပ်ရင်းလက်စွပ်ထဲမှာကျန်နေခဲ့တဲ့မှတ်ဥာဏ်လေးတစ်ခုသာသာပါပဲ.....နောက်ပိုင်းသခင်မကြီးတို့ဆုံးတော့မှိုင်းဧကရီက သခင်လေးမှိုင်းရဝေဉီးရဲ့သားကိုမွေးစားပြီး သခင်မကြီးအဖြစ်အာဏာအကုန်သိမ်းလိုက်တယ်.... ကိုကိုလေးကတော့ သခင်လေးမှိုင်းရဝေဉီးရဲ့မြေးအဖြစ်ပြန်လည်မွေးဖွားခဲ့ပြီးငါကတော့မင်းအဖြစ်မွေးဖွားခဲ့တာပေါ့ "
" ဒါပေမယ့်ငါ့မှတ်ဥာဏ်ထဲမှာ အရင်တာန်းကအကြောင်းတွေဘာမှမရှိဘူးလေ....ဉီးမှိုင်းကရောအရင်တုန်းကအကြောင်းတွေကိုတစ်လျှောက်လုံးမှတ်မိနေခဲ့တာလား"
" အဲ့ဒါက... အစီအရင်လုပ်တုန်းကအမှားတစ်ခုကြောင့်မင်းရဲ့မှတ်ဥာဏ်တွေကငါအဖြစ်ကျန်ခဲ့ပြီးကိုကိုလေးကတော့ဆယ့်ခုနှစ်နှစ်သားအရွယ်မြှပန်မှတ်မိခဲ့တာ...."
" မင်းကဒီအကြောင်းတွေဘယ်လိုသိလဲဟင်"
'' ငါကတစ်လျှောက်လုံးလက်စွပ်လေးအဖြစ်မင်းတို့ကိုကြည့်နေခဲ့တာ....ကိုကိုလေးဆီကမှတ်ဥာဏ်နဲ့မင်းဆီကမှတ်ဥာဏ်တွေကတော့ မင်းနဲ့ကိုကိုလေးသွေးသားချင်းစပ်ယှက်ပြီးမှပေါင်းစည်းခွင့်ရခဲ့တာ"
ထိုအကြောင်းကြားတော့ စောသဒ်ဒါမောငျနားရှကျဖြားနီအောငျရှကျသှားရသညျ။
" မင်းမွေးပြီးတော့ မင်းဆီကိုမှိုင်းလုံကိုယ်တိုင်ဒီလက်စွပ်ပို့ပေးခဲ့တယ်လေ ဘဘကြီးမသေခင်ကမှာခဲ့လို့ပေါ့ ဒါပေမယ့်မင်းကလက်စွပ်ရတဲ့အချိန်ကစပြီး အမြဲအိမ်မက်ဆိုးတွေမက်တော့ မင်းမိဘတွေက ပညာရှင်တစ်ယောက်ဆီသွားပြီးတားမြစ်အစီအရင်လုပ်ခဲ့တယ် ငါသေတဲ့နှစ်ပတ်လည်နေ့အထိမင်းနဲ့ မိုးလုံးမှိုင်းမပေါင်းစည်းရသေးဘူးဆိုရင် မင်းတစ်သက်လုံးဒီအဖြစ်အပျက်တွေကိုသတိရတော့မှာမဟုတ်ဘူး "
" အဲ့ဒါဆိုရင်မနေ့က...."
ကွန်းခိုရာကခေါင်းညိမ့်ပြသည်။
" ဟုတ်တယ်ငါသေတဲ့နေ့ ပြီးတော့လပြည့်နေ့လေ အဲဒါကြောင့်မင်းရဲ့မှတ်ဥာဏ်တြွေပန်ရခဲ့တာ "
" ဪ"
ကွန်းခိုရာကသူ့ဆီသို့လျှောက်လာကာ သူ့ကိုဖက်လိုက်ပြီးတိုးတိုးလေးပြောပြန်သည်။
" သွားတော့ ပြန်တော့....မင်းကိုသူစောင့်နေတယ်..."
ပြောပြီးသည်နှင့်ကွန်းခိုရာ၏ခန္ဓာကိုယ်သည်တဖြည်းဖြည်းမှိန်ဖျော့လာကာ သူ့ကိုယ်ထဲသို့ဝင်ရောက်လာကာပျောက်ကွယ်သွားပြီး စောသဒ်ဒါမောငျလညျး အေးစိမ့်လာသောခံစားချက်နှင့်အတူ နိုးထလာရသည်။
27.7.2021
red chrysanthemum
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Misterio / Suspenso"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...