'"စောငယ်လေး....ကိုယ်ခေါ်နေတာကြားရလားဟင်..စော"
စောသဒ်ဒါမောငျအေးစိမျ့နသေောခံစားခကျြနှငျ့အတူ နားထဲမှာဟိုလူကြီးရဲ့ခေါ်သံသဲ့သဲ့ကြားမိသဖြင့်မျက်စိမဖွင့်နိုင်သေးခင်ကပင်ပြုံးမိသည်။ စိတ်ပူနေပြန်ပြီထင်ပါတယ်။ သူ့မျက်လုံးတို့အားယူဖွင့်ကြည့်တော့ အနီးကပ်တွေ့လိုက်ရသောချောမောသောမျက်နှာတစ်ခု။ မျက်ဝန်းတွေထဲမှစိုးရိမ်နေဟန်တို့အတိုင်းသားမြင်နေရသော ဉီးမှိုင်း၏ပုံစံမှာခါတိုင်းနှင့်မတူ ဖရိုဖရဲဖစ်နေပြီးမျက်တွင်းတို့ချောင်ကျနေသည်။
" ဉီးမှိုင်း "
ချောက်ကပ်ကပ်လည်ချောင်းမှခပ်အက်အက်အသံထွက်လာတော့ ပြုံးဟန်ထင်သွားသောမျက်ဝန်းတွေနှင့်အတူ ဆရာဝန်တွေကိုအော်ခေါ်နေလေတော့သည်။ ဆေးသွင်းထားသောလက်ဖြင့် ဉီးမှိုင်း၏လက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်တော့...
" စောငယ်လေး...ဘယ်နေရာကနာနေသေးလဲဟင်...ကိုယ်ပြောနေတာကိုကြားရလား "
" အင်း....ဖက်ထားပေး "
" ဟမ် "
" အေးနေလို့ဖက်ထားပေး"
သူတောင်းဆိုလိုက်တော့ ခိုက်မိထားသောဒဏ်ရာတွေကိုမထိအောင်ရှောင်ရင်း ထွေးပွေ့လာရှာတော့ စောသဒ်ဒါမောငျငိုမိတော့သညျ။
" တောင်းပန်ပါတယ်...မမှတ်မိခဲ့လို့တောင်းပန်ပါတယ် ..အင့်..ဟီး..ဟီး.."
" စောငယ်လေးက....ကိုယ့်... ကိုယ့်ကိုမှတ်မိပြီလား "
" အင်း..အကုန်လုံးကိုမှတ်မိတယ်... အီး..ဟီး..ဟီး...ကျွန်တော်ကမကောင်းဘူးမဟုတ်လား..ကိုယ့်ချစ်သူတစ်ယောက်လုံးကိုတောင်မမှတ်မိဘူး..ဉီးမှိုင်းတစ်ယောက်တည်းနာကျင်စေခဲ့မိလို့..တောင်းပန်ပါတယ် "
ထပ်ခါထပ်ခါငိုရှိုက်ရင်း တောင်းပန်လာသောကောင်လေးကိုထွေးပွေ့ရင်းမိုးလုံးမှိုင်းလည်းမျက်ရည်များစီးကျလာသည်။ သူဘယ်လောက်ကြောက်နေခဲ့လဲဆိုတာဘုရားသာသိလိမ့်မည်။ သူ့ဆီဉီးမှိုင်းလုံဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြကာParadise ကိုလိုက်လာဖို့ပြောတော့ သူ့မှာစိုးရိမ်တကြီးကားကိုကိုယ်တိုင်မောင်းကာလိုက်လာခဲ့ရသည်။ သူ Paradise ကိုရောက်တော့စောငယ်ကခွဲစိတ်ခန်းဝင်သွားပြီဖြစ်သည်။ ခွဲစိတ်ခန်းမီးလင်းနေတာကိုကြည့်ရင်း ရသမျှဘုရားစာရွတ်ကာရှိသမျှနတ်ဒေဝတါအပေါင်းတို့ကိုတိုင်တည်မိသည်။
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Gizem / Gerilim"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...