"Hello ko ko long time no see, do you miss me? "
" အပိုတွေပြောမနေနဲ့မှိုင်းရွှေစက် ပစ္စည်းပါလား "
" ကိုကိုကလေ မတွေ့တာကြာပြီဖြစ်တဲ့ တစ်ဦးတည်းသောညီမလေးကိုကျ ချိုချိုသာသာလေးပြောမယ်မရှိဘူး သူ့ဟာလေးအတွက်ချည်းပဲအရင်မေးတယ် ဟွန့်.... "
မိုးလုံးမှိုင်း၏မျက်ခုံးများကစိတ်မရှည်စွာတွန့်ကွေးလာလျှင် မှိုင်းရွှေစက်ခမျာဆက်မရစ်ဝံ့တော့ပေ...
" ဟုတ်ပါပြီ... ဟုတ်ပါပြီ ပေးပါ့မယ်စိတ်တော့မတိုပါနဲ့ဦး..."
သူမလက်ပွေ့အိတ်ထဲမှပြာပြာသလဲထုတ်ပေးလာသောအပြာရင့်ရောင်ကတ္တီပါဗူးလေးတစ်ဘူး။ မိုးလုံးမှိုင်းဆွဲယူပြီးဖွင့်ကြည့်လိုက်တော့အထဲတွင် အရောင်တလဲ့လဲ့တောက်ပနေသောပတ္တမြားလက်စွပ်လေးတစ်ကွင်း သူ့လက်သန်းကြွယ်တွင်ဝတ်ဆင်ထားသော လက်စွပ်သောတစ်ချက်ကြည့်လိုက်ပြီး သဘောကျကြောင်းပြသည့်အနေဖြင့် နှုတ်ခမ်းထောင့်စွန်းလေးတွေမှာအပေါ်သို့မြင့်တက်လာသည်။ သေချာကြည့်ပါက သူ့လက်တွင်ဝတ်ဆင်ထားသောလက်စွပ်မှာ ဗူးထဲကလက်စွပ်နှင့်ဆင်တူဖြစ်ပြီးအရွယ်အစားအားဖြင့်အနည်းငယ်ပိုကြီးလေသည်။
ထို့နောက် မျှော်လင့်နေသောမျက်ဝန်းများဖြင့်သူ့ကိုကြည့်နေသော မှိုင်းရွှေစက်ထံသို့ အံဆွဲထဲမှစာအိတ်တစ်အိတ်ကိုထုတ်ပေးလိုက်သည်။ မှိုင်းရွှေစက်ဖွင့်ကြည့်လိုက်တော့ ရှယ်ရာလွှဲပြောင်းစာရွက်ဖြစ်နေသည်။ သူမတစ်အံတစ်သြနဲ့ အစ်ကိုဖြစ်သူကိုမော့ကြည့်လိုက်တော့ မိုးလုံးမှိုင်းကလက်စွပ်ဗူးလေးကိုတယုတယဆုပ်ကိုင်လိုက်ပြီး ခပ်အေးအေးလေသံဖြင့်ရှင်းပြလာသည်။
" ရှယ်ရာ 15%နှုန်းပဲ.... ငါ့လက်ထဲမှာ 55%ရှိတယ် ဘွားတော်လက်ထဲမှာ 35%နှုန်းရှိနေသေးတယ်ဆိုပေမယ့် မင်းလက်ထဲမှာ သူလိုအပ်နေတဲ့ share တွေရှိနေသေးသရွေ့ မင်းကိုအတင်းအကြပ်လုပ်မှာမဟုတ်ဘူး "
" ကျေးဇူးအရမ်းတင်တယ်ကိုကို.. ကိုကို့ကို ရွှေစက်အရမ်းချစ်တာပဲ.. ဟဲဟဲ "
" မင်းပျော်တယ်ဆိုရင်ပြီးတာပဲ "
" ပျော်တာပေါ့လို့ ပျော်တဲ့အထိန်းအမှတ်ရယ် မှိုင်းရွှေစက် ' Y 'မြို့ကိုပြန်ရောက်တဲ့အထိန်းအမှတ်အဖြစ် အပြတ်ကဲမယ်ကွ. So, my brother ဒီညီမလေးလစ်ပြီနော် "
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Mister / Thriller"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...