Zawgyi. Side story (3)

257 13 0
                                    

!ဒုန်း..ဒုန်း...ဒုန်း..!

" ကိုကိုတံခါးဖွင့်လို့....တံခါးမဖွင့်ရင်သော့ဖျက်ပြီးဝင်လာမှာနော်.."

!ဒုန်း..ဒုန်း...!

" ကျွန်တော့်ဘာသာဝင်လာရင် ကိုကို့ကိုဒီညအလွတ်မပေးဘူးနော်..ကောင်းကောင်းပြောနေတုန်းဖွင့်ပေးနော်ကိုကို "

' ချီးပဲဟေ့..ငရဲဟ...ငရဲ '

အပြင်ကတံခါးကိုတဒုန်းဒုန်းထုနေသောကြောင့်စိုင်းသုသျှန်ခြေမကိုင်မိလက်မကိုင်မိဖြစ်လာရသည်။ ဟိုစနေဂြိုလ်ကောင်ကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်သည်ကို ခုနှနှစ်နီးပါးမြင်တွေ့လာခဲ့တဲ့သူသာအသိဆုံးဖြစ်သည်မို့ တံခါးကိုဖွင့်မရပါစေနှင့်ဟုသာဆုတောင်းမိသည်။ မဟုတ်ရင်သူ့ဘဝတော့မတွေးရဲ။

ဘယ်သူကထင်မှာလဲ သူလက်ထပ်ရမည့်ပုဂ္ဂိုလ်မှာထိုစနေဂြိုလ်ဖြစ်နေမည်လို့။ စိုင်းသုသျှန်လည်းမနက်က လက်မှတ်ထိုးခါနားနီးမှရောက်လာသော 'ကိုး'ကြောင့်ထခုန်မိမတတ်ကိုလန့်ဖြန့်သွားရသည်။ 'ကိုး' သည်မြေအောက်လောကတွင်နာမည်ကြီးသော  အင်အားကြီးမားသော Number Nine ဂိုဏ်း၏ခေါင်းဆောင်ဖြစ်လိမ့်မည်ဟုစိုင်းသုသျှန်တစ်ခါမျှမတွေးကြည့်ဖူးပေ။ ဒီတိုင်းမိုးလုံးမှိုင်းယုံကြည်ရသောလူယုံဟုသာထင်မှတ်ခဲ့သည်။

ဒေါ်မှိုင်းဧကရီနှစ်ပေါင်းများစွာတည်ဆောက်ထားသောခြေထောက်များကို မိုးလုံးမှိုင်းသည် ကိုး၏အကူအညီကြောင့်သာမြန်မြန်ဖြတ်နိုင်ခဲ့တာကိုသိသော်လည်း အခုအခြေအနေကသူတွေးနိုင်တာထပ်ကျော်လွန်သွားပြီဖြစ်သည်။

' ကိုးကောင်က Number Nine ရဲ့သခင်ကြီး..ပြီးတော့Number Nine ခေါင်းဆောင်ကအဖေ့ဆီကနေအပေးအယူအဖြစ်ငါ့ကိုတောင်းတယ်..မဟုတ်မှလွဲရော ဟိုတစ်ခေါက် Club တုန်းက ကိစ္စကိုအခဲမကြေလို့များလုပ်တာလား..သူအဲ့လောက်တော့အငြှိုးမကြီးလောက်ပါဘူးနော်  '

ကံမကောင်းတာက လက်မှတ်ထိုးပြီးကတည်းကသူဝင်ပုန်းနေသော Number Nine စံအိမ်ကြီးမှအခန်းတံခါးသည်သူ့ကိုကြာကြာမကာကွယ်နိုင်ပေ။ ' ချပ်' ခနဲအသမြည်ကာပွင့်သွားကာ အခန်းထဲသို့ 'ကိုး'သည်အေးအေးလူလူပင်ဝင်လာလေသည်။

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now