7.(Unicode) သံသယအချို့

1.3K 118 3
                                        


စောသဒ္ဒါမောင်အခန်းတံခါးလက်ကိုင်ကိုဖွင့်ရန်လှည့်လိုက်သော်လည်း တံခါးမှာပွင့်မလာပေ။

'တံခါးကသော့ခတ်ထားတာလားဟ.... ဒါပေမယ့်...စန္နယားသံကသေချာပေါက်ဒီအခန်းထဲကကြားတာပါ..'

ဝေခွဲရခက်သောအတွေးအချို့နဲ့တံခါးကိုဆက်လှ​ည့်နေစဥ်

"အခန်းထဲမှာဘာမှမရှိပါဘူး အစ်ကိုလေး"

"အမလေး!"

စောသဒ္ဒါမောင်တစ်ယောက်ရုတ်တရက်ထွက်လာသောအသံကြောင့်လန့်ဖြန့်ကာအော်လိုက်မိပြီး တံခါးလက်ကိုင်ကိုလည်းလွှတ်လိုက်သည်။ အနောက်ကိုလှည့်ကြည့်တော့မှ တစ်ကိုယ်လုံးတွင်အနက်ရောင်များဝတ်ဆင်ထားသော လူတစ်ယောက်ရပ်နေသည်ကိုတွေ့လိုက်ရသဖြင့်..

"ဟို အစောနကဒီအခန်းထဲကစန္နယားတီးသံကြားလိုက်လို့ပါ"

"မဖြစ်နိုင်ပါဘူးအစ်ကိုလေး ဒီအခန်းကသော့ပိတ်ထားတာကြာပြီဗျ..ဘယ်သူမှလည်းမနေဘူး"

"ဟမ်..ဟုတ်လို့လားကျွန်တော်တော့သေချာပေါက်ကြား......"

သူထပ်ပြောမည်ကြံလိုက်သော်လည်း သူ့ကိုစူးရဲစွာစိုက်ကြည့်နေသောထိုလူကြောင့် ပြောမည့်စကားများပင်တန့်သွားရသည်။

"ဟို..ကျွန်တော်နားကြားမှားတာပဲနေမှာပါ..ဟိုဦးလေးကဘယ်သူလဲဟင်"

"ကျွန်တော်ကဒီစံအိမ်ကြီးရဲ့အလုပ်သမားခေါင်းဆောင်ပါ မှိုင်းလုံလို့ခေါ်ပါတယ်"

"ဟုတ်ကဲ့ပါဦမှိုင်းလုံ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ ကျွန်တော့်နာမည်ကစောသဒ္ဒါမောင်ပါ ဦးမိုးလုံးမှိုင်းရဲ့လက်ထောက်လုပ်ဖို့ရောက်လာတာပါ ကျွန်တော့်ကိုစောင့်ရှောက်ပေးပါဦး"

"နောက်ဆုံးတော့ရောက်လာပြီပေါ့ အစ်ကိုလေး"

ဦးမှိုင်းလုံတစ်ကိုတည်းတီးတိုးရေရွတ်လိုက်သဖြင့်..

"ဟမ်?"

"စောင့်ရှောက်ပေးရမှာပေါ့အစ်ကို​လေးရယ် ဒါကကျွန်တော့်ရဲ့တာဝန်ပဲကို.. ကဲ... ညလည်းနက်နေပြီ.... အစ်ကိုလေး..အနားယူတော့လေ"

"အာ..ဟုတ်ကဲ့ အဲ့ဒါဆို..ကျွန်တော်အနားယူတော့မယ်နော် good night ပါခင်ဗျ"

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now