At.. 'မှိုင်း'group,
"စော..ဒီနေရာကမင်းအလုပ်စားပွဲပဲ"
"ဟိုကျွန်တော်က ဥက္ကဋ္ဌကြီး...အဲ ဦးမှိုင်း..ရဲ့ရုံးခန်းကြီးထဲမှာအလုပ်လုပ်ရမှာလား?"
"အင်းလေ..မင်းအလုပ်ကအရမ်းအရေးကြီးတာ..အမှားအယွင်းရှိလို့မရဘူး..အဲ့ဒါကြောင့်ကိုယ့်မျက်စိရှေ့တင်ပဲ ထားထားတာ"
"ဪ..ဟုတ်ကဲ့"
ထိုစဥ်..
" မှိုင်းကြီး...မင်းဟာလေးအိမ်ရောက်လာပြီဆို ငါ့လည်းပြ....ပြ..."
ရုပ်ရည်ချောမောပြီးအရပ်အတော်ရှည်သောလူတစ်ယောက်သည် ရုံးခန်းတံခါးကိုဖွင့်ကာဝင်လာရင်း ဦးမိုးလုံးကို စကားများတရစပ်ပြောနေသော်လည်း စောသဒ္ဒါမောင်ကိုမြင်ငသာအခါ ပြောလက်စ စကားကိုရပ်တန့်ကုန်ကာအံသြတကြီးကြည့်ကာထပ်ပြောပြန်သည်။
"တစ်ပုံစံတည်းပဲဟ"
ဘာမှမသိရှာသောစောသဒ္ဒါမောင်မှာအူလည်လည်မျက်နှာပေးလေးဖြင့် မိုးလုံးမှိုင်းကို လှည့်ကြည့်လေသောအခါမှ မိုးလုံးမှိုင်း သည်ချောင်းတစ်ချက်ဟန့်ကာ..
"အဟမ်း..မင်းလာပြီလား...စော သူက ကိုယ့်အတွင်းရေးမှုးနေရာကိုယာယီတာဝန်ယူထားတဲ့လူလေ ကိုယ့်အရင်းနှီးဆုံးလူဆိုလည်းဟုတ်တယ်..သူ့နာမည်ကစိုင်းသုသျှန်တဲ့..ဟေ့ကောင်သုသျှန် ဒါကငါ့လက်ထောက်အတွင်းရေးမှုအဖြစ်ရွေးထားတဲ့သူပဲ.."
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ခင်ဗျ ကျွန်တော်ကစောသဒ္ဒါမောင်ပါ အစ်ကိုစိတ်မရှိရင် စောမောင်လို့လည်းခေါ်လို့ရပါတယ်"
သောသဒ္ဒါမောင်လက်တစ်ဖက်ကမ်းပြီးမိတ်ဆက်လိုက်မှ စိုင်းသုသျှန်ဆိုသောလူသည်မျက်နှာပေါ်တွင်ထင်ဟပ်နေသောအံ့သြရိပ်တို့ကိုချက်ချင်းပင်ဖုံးကွယ်ကာ ပြုံးပြလျက်သူကမ်းပေးသောလက်ကိုပြန်လည်ဆုပ်ကိုင်လာသည်..။
"တွေ့ရတာဝမ်းသာပါတယ်ငါ့ညီ အစ်ကိုကမင်းရဲ့အလုပ်သင်ကာလအတွင်းပညာသင်ပေးမယ့်လူပေါ့ မင်းကကိုယ့်ထပ်အသက်ငယ်လောက်တော့ အစ်ကိုလို့ခေါ်လည်းရပါတယ်"
စိုင်းသုသျှန်သည် စောသဒ္ဒါမောင်လက်ကိုသူကိုင်လိုက်ကတည်းကမျက်နှာကြီးမည်းသည်းနေပြီဖြစ်သော မိုးလုံးမှိုင်းကိုမသိဟန်ဆောင်ကာ သူ့ရှေ့ကဖြူဖြူသေးသေးလေးကိုအစ်ကိုဟုမျက်နှာပြောင်တိုက်ကာခေါ်ခိုင်းလိုက်သည်။မိုးလုံးမှိုင်းကတော့အခုထိအောင်စောသဒ္ဒါမောင်လက်ကို ကိုင်ထားဆဲဖြစ်သော စိုင်းသုသျှန်လက်ကိုအားသုံး၍တမင်နာအောင်ဆွဲဖြုတ်လိုက်သည်။
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Tajemnica / Thriller"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...