27.(Unicode) အထင်လွဲခြင်း(2)

840 81 0
                                    

စောသဒ္ဒါမောင်သည် စားသောက်ဆိုင်မှအရူးတစ်ယောက်လိုပင်ပြေးထွက်လာခဲ့သည်။ ရောက်ရာပေါက်ရာသို့ဦးတည်ရာမရှိသူပြေးနေမိသည်။ သူ့နှလုံးကတော့လတ်လတ်ဆတ်ဆတ်ဒဏ်ရာကြောင့်တစ်စစ်စစ်ကိုက်ခဲလျက်။ သူမသိခဲ့ပေ သူကတစ်ချိန်လုံးအခြားလူတစ်ယောက်၏အရိပ်အဖြစ်အသုံးချခံနေရမှန်း။ တစ်ကယ်တော့သူကိုယ်တိုင်ကတုံးအတာပါ မိုးလုံးမှိုင်းနှင့်စတွေကတည်းကထိုလူ၏သူ့အပေါ်ဆက်ဆံပုံများကထူးခြားခဲ့သည်ပင်။ ဟိုးအရင်ကတည်းကသိကျွမ်းခဲ့သူလိုဆက်ဆံခဲ့သည်လေ။

တစ်ဖက်လူ၏အကျင့်ပင်ဖြစ်လိမ့်မည်ဟုတွေးခဲ့၍ ရှည်ရှည်ဝေးဝေးမစဥ်းစားခဲ့။ သူဆိုတဲ့လူကမေ့လွယ်ပျောက်လွယ်သောအကျင့်ရှိသည်ကိုး ။ အခုတော့ဟိုလူကဖြင့်သူ့ညီမနှင့်ပင်ပူးပေါင်း၍နှစ်နှင့်ချီပြီးသူ့ကိုအရူးခဲ့သည်။ သူ့နှလုံးသားလေးကတော့အမှန်တရားများကြောင့်ခါးသက်နေခဲ့သည်။

သူရောက်ရာပေါက်ရာလျှောက်သွားနေလိုက်တာသူအသိဝင်တော့ သူ​နေသောနေရာနှင့်တော်တော်ဝေးဝေးနေရာသို့ရောက်နေလေပြီဖြစ်သည်။ ထမင်းချိုင့်ပို့ပြီးအပြန်ကျရင်မိုးလုံးမှိုင်းနှင့်အတူတူပြန်မည်ဟုရည်ရွယ်ခဲ့သောကြောင့်ပိုက်ဆံအိတ်လည်းပါမလာခဲ့ပေ။ ဖုန်းတော့ပါလာသော်လည်းဒီမြို့ပေါ်တွင် မှိုင်းမျိုးနွယ်များနှင့်ပတ်သက်ရာပတ်သက်ကြောင်းများမှလွဲ၍အခြားအသိမရှိ ထိုလူများကိုလည်းအခုချိန်မှာမမြင်ချင်မတွေ့ချင်သဖြင့် အနီးတွင်တွေ့သောပလက်ဖောင်းပေါ်တွင်သာထိုင်လိုက်၍ ဖြတ်သန်းသွားသောလူများကားများနှင့်အခြားယာဥ်များကိုသာအဓိပ္ပါယ်မဲ့ငေးကြည့်နေမိသည်။ သူမသိသည်ကတော့ ခပ်လှမ်းလှမ်းက ကားပေါ်တွင်သူ့ကိုစောင့်ရှောက်နေသောလူရှိသည်ကိုပင်။

ထိုကားသည်သူစားသောက်ဆိုင်ကပြေးထွက်လာကတည်းကအနောက်မှလိုက်ပါစောင့်ရှောက်နေခြင်းဖြစ်သည်။ ထိုစဥ်ကားပေါ်မှလူကဖုန်းကိုထုတ်၍ နံပါတ်အချို့ကိုနှိပ်ပြီးအခြားလူကိုဆက်သွယ်ခဲ့သည်။ ဖုန်းဝင်သွားတော့တစ်ဖက်လူအားအလွန်ရိုကျိုးသောလေသံဖြင့်..

" သခင်လေးခင်ဗျ အစ်ကိုလေးကလမ်းဘေးကတစ်နေရာမှာထိုင်နေပါတယ် ကျွန်တော်ဘာဆက်လုပ်ရမလဲခင်ဗျ "

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now