After two day,
ယနေ့တွင် မိုးလုံးမှိုင်း abroad တွင် project တစ်ခုအတွက်စာချုပ်သွားချုပ်ရာ စိုင်းသုသျှန်ကိုသာခေါ်သွားသဖြင့် စောသဒ္ဒါမောင်ကတော့ သောင်ပြင်လွှတ်တဲ့ခွေးလိုပင်လက်လျားလက်လျား လျှောက်သွားနေသည်။ ကြောင်မရှိ ကြွက်မြူးဆိုသလို စောသဒ္ဒါမောင်သည်အလုပ်ရှင်သူဌေး မရှိသဖြင့် ပျော်မြူးနေသည့်အလုပ်သမားထဲတွင် သူလည်းတစ်ယောက်အပါအဝင်ဖြစ်သည်လေ။ အခုလည်း ကုမ္ပဏီမှ မန်နေဂျာမမလှလှနှင့် အခြားမမများကဝိုင်းမှာသော ကော်ဖီများ၊ မုန့်များစသည်တို့ကိုတစ်ပွေ့တစ်ပိုက်ကြီးသယ်၍ မုန့်ဆိုင်ထဲမှထွက်လာသည်။ ကုမ္ပဏီသို့ရောက်ခါနီးတွင်လမ်းဖြတ်ကူးရာ အရှိန်ပြင်းပြင်းဖြင့်မောင်းလာသောကားတစ်စီးသည် စောသဒ္ဒါမောင်ဆီသို့တန်းတန်းမတ်မတ်ဝင်လာသည်။ ထိုခဏတွင်စောသဒ္ဒါမောင်၏စိတ်အစဥ်သည် ကြောက်လန့်သွား၍မျက်စိကိုစုံမှိတ်ကာ ကားသူ့ကိုတိုက်သွားမည်ကိုသာသောင့်နေမိတော့သည်။ သို့သော်...
"အစ်ကိုလေးသတိထား"
အသံနှင့်အတူစောသဒ္ဒါမောင်၏ ကိုယ်လေးကိုတစ်စုံတစ်ယောက်ကဆွဲယူလာသည်။ အန္တရာယ် ကင်းပြီဆိုသောအသိနှင့် သူ့ကိုကယ်ခဲ့သူအားမျက်လုံးဖွင့်ကြည့်လိုက်တော့..
"ကိုကိုး"
"ရရဲ့လားအစ်ကိုလေး ဘယ်နားခိုက်မိသွားသေးလဲ"
"ဟို.....ဟို....ကျွန်...ကျွန်တော်ကရ..ရပါတယ်... မုန့်..မုန့်တွေတော့..ကုန်ပြီထင်တယ်"
ကြောက်အားလန့်အားနှင့်စောသဒ္ဒါမောင်ခမျာစကားများပင်ထစ်နေသည်။
"မုန့်တွေကဘာတန်ဖိုးရှိလို့လဲ အစ်ကိုလေးသာတစ်ခုခုဖြစ်သွားရင်ကျွန်တော်တော့သေပြီ"
"ဟမ်!ဘာပြောတာ"
"အာ..ဘာမှမဟုတ်ပါဘူး အစ်ကိုလေးလန့်သွားတယ်ထင်တယ် ကုမ္ပဏီထဲဝင်ရေသောက်ပြီး နားနေလိုက်ခဏနေမှလိုက်လာခဲ့မယ်"
"ဟုတ်ကဲ့"
ပြောပြီးသည်နှင့်ကိုးသည်ကားနံပါတ်ကိုစုံစမ်းရန်ထွက်သွားလေသည်။ သူဖြတ်ကူးတဲ့ လူကူးမျဥ်းကျားနားတွင် cctv ရှိနေလို့ record ကိုပြန်ကြည့်ရင်ကားနံပါတ်ကိုသိနိုင်လောက်သည်။
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Детектив / Триллер"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
