" ငြိမ်းငြိမ်းချမ်းချမ်းအနားယူပါဘဘကြီး..ကျွန်တော်လည်းဉီးမှိုင်းနဲ့အတူတူရှိနေပြီမို့လို့ ဘဘကြီးလည်းဝမ်းသာနေမယ်လို့ယုံကြည်ပါတယ် "
" ဘဘကြီး စိတ်ချပါ..ကျွန်တော်စောငယ်ကိုအသက်ထက်မြတ်နိုးပေးမှာမို့လို့နောက်ဆံမတင်းပါနဲ့နော် "
" ဖိုးဖိုးကြီး ကျွန်တော်ဖိုးဖိုးကြီးကိုကတိပေးထားတဲ့အတိုင်း သခင်လေးနဲ့အစ်ကိုလေးကိုပေါင်းစည်းနိုင်အောင်ကူညီပေးပြီးပါပြီ..ဖိုးဖိုးကြီးပျော်ပါတော့ "
ဒီနေ့ဉီးစောကြည်ဖြူ၏နှစ်ပတ်လည်နေ့ဖြစ်သောကြောင့်မိုးလုံးမှိုင်းတို့ဉီးမှိုင်းလုံကိုခေါ်၍လာကန်တော့ဖြစ်ကြသည်။ ဉီးစောကြည်ဖြူ၏အရိုးပြာကိုမြေဆွေးအဖြစ်သုံး၍စိုက်ပျိုးထားသောသစ်ပင်ကြီးကိုရှေ့တွင်လူသုံးယောက်သည် သူတို့ခံစားချက်တွေကိုဖွင့်ဟနေသည်။ အထူးသဖြင့်စောသဒ္ဒါမောင်ပင်ဖြစ်သည်။
အခုတလောစောသဒ္ဒါမောင် အရင်ဘဝကအကြောင်းတွေကိုအိမ်မက်အဖြစ်မကြာခဏမြင်မက်လေ့ရှိသည်။ ထိုအထဲတွင်သူလူမမယ်အရွယ်လေးကတည်းကဉီးစောကြည်ဖြူသည်စံအိမ်သခင်တွေညိုညင်နေတဲ့ကြားမှရအောင်ပြုစုစောင့်ရှောက်၍လူလားမြောက်စေသည်။ သူ့နာမည်ကိုပင်နားခိုရာအရိပ်အစစ်အမှန်ကိုရှာတွေ့စေလို၍ကွန်းခိုရာဟုပေးခဲ့ခြင်းဖြစ်ကြောင်းလည်းအိမ်မက်တွေမှသိခဲ့ရသည်။
ကွန်းခိုရာနှင့်ကိုကိုလေးရဲ့အကြောင်းကြားတော့လည်း သူ့ဟာယုံကြည်ချင်စရာလူတစ်ယောက်မဟုတ်လို့ကွန်းခိုရာသူ့ကိုမတိုင်ပင်ခဲ့သည်ဟုယူဆပြီး သူ့ကိုယ်သူအပြစ်တင်ခဲ့သည်။ နောက်ဆုံးတားမြစ်ထားသောအစီအရင်ကိုပင်သူ့အသက်ကိုရင်းပြီးကွန်းခိုရာအတွက်ပြုလုပ်ခဲ့သည်။ နောက်ဘဝတော့ချစ်သောသူနဲ့ပျော်နိုင်ပါစေတဲ့။ မွေးစားသားဖြစ်သော်လည်း ထိုလူအိုကြီးမည်မျှချစ်ခဲ့ကြောင်းပြောပြစရာပင်မလိုခဲ့ပေ။
" သခင်လေးတို့ စံအိမ်ပဲတန်းပြန်မှာလား "
" ဟုတ်တယ်..ဉီးလေးလုံ..စောကအခုတလောအမြဲအိပ်ချင်နေလို့စံအိမ်ပဲပြန်ပြီးအနားယူခိုင်းမလို့ "
![](https://img.wattpad.com/cover/270661925-288-k805798.jpg)
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Mystery / Thriller"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...