"ဘာရယ်...ကျွန်တော်ကY မြို့ကိုလိုက်ခဲ့ရမယ်.. ဟုတ်လား"
စောသဒ္ဒါမောင်တစ်ယောက်ထိုင်နေရာမှရုတ်တရက်ထရပ်မိသည်အထိအံသြသွားသော်လည်း ထိုအကြောင်းကိုပြောလာသူ မိုးလုံးမှိုင်းကတော့ အေးအေးလူလူပင်..။ ဖြစ်ပုံကဒီလို..။ သူအလုပ်စဝင်ချင်းနေ့မှာပဲ အင်တာဗျူးသည့်နေ့ကသူတွေ့သောကိုလူချောမှာ 'မှိုင်း' group ၏ပဲ့ကိုင်ရှင် ဦးမိုးလုံးကြောင်းသိရှိခဲ့ရသည်။ ထိုမျှအထိပြဿနာမဖြစ်သေး။ တစ်ပါတ်လောက်အထိတော့အေးအေးချမ်းချမ်းပင် ။
သို့သော်ပြဿနာက တစ်ပါတ်အကြာမှာစဖြစ်ခဲ့သည်။ နောက်နှစ်ရက်အကြာတွင်မိုးလုံးမှိုင်းက 'Y 'မြို့မှာရှိသောပင်မ group ဆီပြန်မည်ဖြစ်ပြီးသူပါလိုက်ခဲ့ရမည်တဲ့...။ အစကတည်းကလက်ထောက်အတွင်းရေးမှုးရာထူးအတွက်အလုပ်သင်ဆိုသည်မှာ ထိုပုဂ္ဂိုလ် မိုးလုံးမှိုင်းအတွက်ရွေးခြင်းဖြစ်သည်တဲ့.။ သူ့မှာတော့ဘာမှပင်မသိပဲစာချုပ်ပင်ချုပ်ပြီးပြီဖြစ်သည်။ သို့သော်စောသဒ္ဒါမောင်တစ်ယောက်ကိုယ့်ဟန်တော့ဖို့ရသေးသည်....
"ဒါပေမယ့်ခင်ဗျားတို့ ဘာလို့အစကတည်းကမပြောရတာလဲ"
"စာချုပ်ထဲမှာပါပြီးသားပဲလေ ကိုယ်ကထပ်ပြောဖို့လိုသေးလို့လား"
"ဘယ်စာချုပ်ထဲပါလို့လဲ ကျုပ်ကိုပြ..ဘယ်မှာပါလဲဆိုတာ"
"ကောင်လေးမင်းစာချုပ်ကိုသေချာဖတ်ဖို့ ကိုယ်အကြံပေးချင်တယ်... မင်းမလိုက်ချင်လို့အလုပ်ထွက်မယ်ဆိုလည်းကိုယ်မတားပါဘူး လျော်ကြေးကိစ္စကိုတော့ကိုယ့်ရှေ့နေနဲ့ပဲရှင်းလိုက်ပေါ့"
မိုးလုံးမှိုင်းတစ်ယောက်သူ့စကားအဆုံးမှာတစ်ဖြည်းဖြည်းပျက်ယွင်းလာသော ကောင်လေး၏မျက်နှာကို ကော်ဖီသောက်ရင်းတစ်စိမ့်စိမ့်ကြည့်နေမိသည်။ စာချုပ်ပါအကြောင်းအရာအရ အလုပ်သင်ရာထူးဖြင့်ခြောက်လတာဝန်ထမ်းဆောင်ရမည် ဖောက်ဖျက်ပါကလျော်ကြေးအတွက်သိန်း ၁၀၀ ပေးရမည်ဖြစ်သည်။ သူသိပ်သိတာပေါ့သူ့ကလေးလေးဆီမှာထိုပမာဏလောက်သောပိုက်ဆံမရှိသည်ကို..။
"ခဏပဲစောင့် ကျွန်တော်စာချုပ်သွားပြန်ယူခဲ့မယ်"
"မလိုပါဘူးစာချုပ်တစ်စောင်ကကိုယ့်ဆီမှာလည်းရှိတာပဲလေ...ရော့.. သေချာဖတ်နော်ကောင်လေး..စာချုပ်မှာဘယ်လိုရေးထားလဲဆိုတာ"
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Mystère / Thriller"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
