31.(Unicode) Past Life (1)

945 85 2
                                    

1968. 6.15,

ယနေ့သည် ဒဏ္ဍာရီမှိုင်းစံအိမ်ကြီးတစ်ခုလုံးရှိအစေခံများ ပျားပန်းခက်ကာအလုပ်ရှုပ်ရသောနေ့ဖြစ်သည်။ အကြောင်းမှာ ဒဏ္ဍာရီမှိုင်း စံအိမ်ကြီး၏ဒုတိယသခင်လေးဖြစ်သူ မှိုင်းသုရှင်ပညာတော်သင်မှပြန်လာသောနေ့ဖြစ်သောကြောင့်ပင်ဖြစ်လေသည်။ ဒဏ္ဍာရီမှိုင်းစံအိမ်၏အရှင်သခင်ဖြစ်သူဦးမှိုင်းအာဏာစက်နှင့် ဇနီးဖြစ်သူ ဒေါ်ဒေဝီ တို့တွင်ရင်နှစ်သည်းချာသားနှစ်ဦးဖွားမြင်ခဲ့သည်။ သားအကြီးမှာမှိုင်းရဝေဦးဖြစ်ပြီး လက်ရှိမှိုင်းမျိုးနွယ်၏ပင်မအရင်းအမြစ်စီးပွားရေးကိုအုပ်ချုပ်နေရသူဖြစ်သည်။ ဒုတိယသားမှာမှိုင်းသုရှင်ဖြစ်ပြီးအသက်ဆယ်နှစ်အရွယ်တည်းက ဘိုးဘွားများရှိသောxxနိုင်ငံသို့ပညာတော်သင်သွားရာ (၁၇)နှစ်ကြာမှပြန်လာသူဖြစ်သည်။

(၁၇)နှစ်ကြာမှပြန်လာမည့်သားဖြစ်သူကိုကြိုဆိုဖို့ရာစံအိမ်ကြီး၏အရှင်သခင်နှစ်ယောက်လည်းပျော်ရွှင်နေရသလို အခြားသူတစ်ဦးသည်လည်း ပျော်ရွှင်ပြီးမျှော်လင့်ချက်တစ်ချို့ဖြင့်ရင်ခုန်နေလေသည်။ ထိုသူကတော့ ဦးမှိုင်းအာဏာစက်၏မွေးစားသမီးမှိုင်းဧကရီပဲဖြစ်သည်။

မှိုင်းဧကရီသည် မှိုင်းသုရှင်ပြန်လာမည်ဖြစ်ကြောင်းဖုန်းလက်ခံရရှိကတည်းကနေ့နေ့
ည ညစိတ်ကူးယဥ်အိမ်မက်များဖြင့်ရင်ခုန်နေရသည်။ယနေ့လည်းမနက်အစောကြီးကတည်းကထပြီးပြင်ဆင်နေလေရာ ယခုထက်ထိစိတ်တိုင်းမကျသဖြင့် အစေခံများသည်လည်း ကြောက်ရွံနေကြသည်။ သူတို့သခင်မလေးဒေါသထွက်လျှင်သူတို့ကိုသေအောင်ရိုက်တတ်သည်မဟုတ်လား။
.မှန်ရှေ့ထိုင်ကာဆံထိုးကိုတစ်မျိုးပြီးတစ်မျိုးပြောင်းပန်ကြည့်ရင်း မှိုင်းဧကရီ၏မျက်နှာသည်တစ်ဖြည်းဖြည်း မည်းမှောင်လာကာလက်ထဲကဆံထိုးဖြင့်အနီးရှိအစေခံတစ်ဦး၏မျက်နှာကိုပစ်ပေါက်လိုက်ပြီး...

" အသုံးကိုမကျကြဘူး အစ်ကိုပြန်လာတဲ့နေ့ကျရင်ဧကရာဇ်ပန်းပန်ချင်ပါတယ်လို့ သေချာပြောထားပါရက်နဲ့ရအောင်မပြင်ဆင်နိုင်ဘူး နင်တို့အသုံးကျတာဘာရှိလဲ"

" ဟိုဟာလေ....မမလေးအခုက (၆)လပိုင်းကြီးဆိုတော့.... ဧကရာဇ်ပန်းကမရှိ....."

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now