"လုံးငယ်ပျော်ရဲ့လားဟင်"
စောသဒ္ဒါမောင်သည်မိမိလက်ကိုဆွဲ၍ရှေ့မှသွားနေသူ၏နောက်ကျောကိုကြည့်ရင်းရင်းနှီးသောခံစားချက်ကိုရသည်။ မိမိကိုလုံးငယ်ဟုခေါ်သောထိုလူသည်းခေါင်းကိုလှည့်ပြီးမေးလာသော်လည်း ထိုလူ၏ရုပ်ရည်ကိုမူသဲသဲကွဲကွဲမမြင်ရချေ။သို့သော်လည်း မိမိစိတ်နှင့်မိမိကိုယ်မဟုတ်စွာပင်..
"ဟုတ်ကိုကို.. လုံးငယ်အရမ်းပျော်တာပဲ...လုံးငယ်တို့တစ်ဘဝလုံးဒီလိုပဲအမြဲအတူရှိနေမှာပါနော်"
"ဒါပေါ့လုံးငယ်လေးရယ်.ကိုကို့ကိုမယုံဘူးလား.. ကိုကို့လုံးငယ်လေးက.."
"ယုံတာပေါ့ကိုကို....လုံးငယ်ရဲ့ဘဝတစ်ခုလုံးကိုကို့ကိုပေးထားပြီးပြီပဲ...ပြောပြစရာမလိုအောင်ကိုကိုသိမှာပါ"
"ဒါပေါ့..ကိုကိုသိတာပေါ့"
ထိုလူမှ သူ့နှဖူးလေးကိုချစ်မြတ်နိုးစွာနမ်းရှိုက်လာပြီး နှာဖျားလေးများကို အချင်းချင်းထိစပ်စေကာ တိုးတိုးလေးပြောလာသည်..
"ကိုကို့လုံးငယ်လေး.. ကိုကို့ကိုဘယ်လောက်ချစ်လဲဆိုတာကိုကိုသိသလို..ကိုကိုလုံးငယ်ပေါ်မှာထားတဲ့ခံစားချက်ကိုလည်း လုံးငယ်လေးသိပါတယ်..ကိုကိုတို့နှစ်ယောက်စလုံးအပြန်အလှန်ချစ်နေမှတော့ ဘယ်လိုအကြောင်းကြောင့်နဲ့မှလက်တွဲဖြုတ်ခံမှာမဟုတ်ဘူးနော်..ဒါဟာကိုကိုလုံးငယ်ပေါ်မှာထားတဲ့အတ္တပါးပါးလေးပါပဲ...ကိုကို့အသက်သေသွားရင်တောင်ပြောင်းလဲမသွားနိုင်တဲ့သစ္စာတရားပဲ..လုံးငယ်လေးယုံနော်"
ချစ်ရသူရဲ့ပြောစကားကိုအပြုံးလေးဖြင့်သာ စောသဒ္ဒါမောင်တုန့်ပြန်ခဲ့သည်။ ရုတ်တရက်မြင်ကွင်းကပြောင်းလဲသွားသည်။ စောသဒ္ဒါမောင်က မိန်းကလေးတစ်ယောက်ရှေ့တွင်ဒူးထောက်နေပြီး မျက်ဝန်းအစုံမှမျက်ရည်တို့သည်လည်းစီးကျလျက်ရှိသည်။
"လုံးငယ်သဘောမတူလိုက်ပါနဲ့..ကျေးဇူးပြုပြီး..မလုပ်ပါနဲ့..ကိုကိုက.....ကိုကိုကလုံးငယ်မရှိရင်သေမှာနော်...လုံးငယ်သိပါတယ်...ကိုကိုပြောရင်ပြောတဲ့အတိုင်းလုပ်တယ်ဆိုတာ...ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး..တစ်ခါလောက်လေးပဲဖြစ်ဖြစ်တစ်ကိုယ်ကောင်းဆန်ပေးလို့မရဘူးလားဟင်.."
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Misterio / Suspenso"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
