"ဒေါက်..ဒေါက်"
"ဝင်ခဲ့ပါ"
သခင်လေးမှအခေါ်လွှတ်သည်ဟု အစေခံကောင်မလေးသတင်းလာပို့သည်နှင့် ဦးမှိုင်းလုံ အပေါ်ထပ်မှသခင်လေးအခန်းဆီသို့တန်းတက်လာခဲ့သည်။ ရောက်ရှိကြောင်းသိစေရန် တံခါးကိုနှစ်ချက်ခေါက်လိုက်တော့ ဝင်လာရန်ပြောသောအသံသြရှရှကိုကြားမှ တံခါးကိုအသာတွန်းဖွင့်၍ဝင်လာခဲ့သည်။ တွေ့ပါပြီ လူ့တစ်ရပ်မကမြင့်သောမှန်ပြတင်းပေါက်ကိုမျက်နှာမူပြီးရပ်နေသောသခင်လေး လက်ထဲတွင်လည်းအငွေ့မသေသေးသောစီးကရက်ကိုကိုင်ထားသည်။ ထိုအပြုအမူကိုကြည့်ခြင်းအားဖြင့် သခင်လေးတွင်စိတ်ညစ်စရာကိစ္စအချို့ရှိနေကြောင်းကို ငယ်ငယ်ကတည်းကအရိပ်တကြည့်ကြည့်နှင်စောင့်ရှောက်ခဲ့ရသော ဦးမှိုင်းလုံသိလိုက်သည် ။ဦးမှိုင်းလုံ၏ခြေသံအနားသိုရောက်ကြောင်းကြားမှ လှည့်ကြည့်လာသောသခင်လေး...
"ဦးလေးလုံ... ရောက်လာပြီလား"
"ဟုတ်ကဲ့ပါ..သခင်လေး..အခေါ်လွှတ်တယ်ဆိုဘာကိစ္စများရှိလို့လဲ"
"နောက်နှစ်ရက်နေရင်ဘွားတော်ပြန်ရောက်လိမ့်မယ်..ဦးလေးလုံပြီးတော့ဟိုမိန်းကလေးလဲပါလာမယ်လို့ ကျွန်တော့်ကိုအကြောင်းကြားထားတယ်."
ထိုစကားကိုသာပြောပြီးပြတင်းပေါက်ရှိရာသို့ပြန်လှည့်သွားကာ ဆေးလိပ်ကိုတစ်ချက်ဖွာရှိုက်လိုက်သောသခင်လေးကိုကြည့်ပြီးဦးမှိုင်းလုံသက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။ သခင်လေးပြောသောဘွားတော်ဆိုသူမှာ ဤ 'ဒဏ္ဍာရီမှိုင်း' စံအိမ်ကြီး၏သခင်မကြီးဒေါ်မှိုင်းဧကရီပင်ဖြစ်သည်။ ဟိုမိန်းကလေးဆိုတာကတော့ သခင်လေးနဲ့စေ့စပ်ဖို့လူကြီးချင်းသဘောတူထားသော ကြည်နူးမေဆိုသည့်မိန်းကလေးဖြစ်ပေမည်။ ဒေါ်မှိုင်းဧကရီသည် အသက်ရှစ်ဆယ်လောက်ရှိပြီဖြစ်သော်လည်း မာန်မာနကြီးပုံနှင့်အတ္တကြီးပုံမှာ အရင်တိုင်းပဲဖြစ်ပေသည်။
"သခင်လေးကစိုးရိမ်နေတာလား"
"ဟုတ်တယ် ဦးလေးလုံကျွန်တော်စိုးရိမ်တယ်...စောကိုသူမှတ်မိသွားပြီးတစ်ခုခုလုပ်လိုက်မှာကိုစိုးရိမ်တယ်..ပြီးတော့စောကအခုထိကျွန်တော့်ကိုမှတ်မိသေးတာမဟုတ်ဘူး...တစ်ချိန်ချိန်တော့ဖြစ်လာမှာဆိုတာကြိုတွေးထားပြီးသားဆိုပေမယ့်...ကျွန်တော်ကတော့စိုးရိမ်နေတုန်းပဲ..အရင်ကလိုထပ်ဝေးသွားမှာကိုကျွန်တော်အရမ်းကြောက်တယ်"
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Детектив / Триллер"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
