The next day,
စောသဒ္ဒါမောင် မနေ့ကမိုးလုံးမှိုင်းရဲ့ခွင့်ပြုချက်ဖြင့် ဒီနေ့ခြံထဲဆင်းခွင့်ရခဲ့သည်။ အမှန်ကခြံထဲဆင်းချင်နေတာကြာနေပြီဖြစ်သည်။ အလုပ်မအားတာကြောင့်မဆင်းဖြစ် အလုပ်မလုပ်ရပြန်တော့လည်း ဒဏ်ရာရနေသောခြေထောက်ကြောင့် မဆင်းနိုင် ဒီနေ့တော့ မနက်ထဲကဦးမှိုင်းပွေ့ပြီးအောက်ထပ်သို့ချပေးခဲ့သည်။ ဦးမှိုင်းလုံကစောင့်နေပေးမည်ပြောသောလည်း မိမိထက်အသက်ကြီးသူကိုစောင့်မနေစေချင်သောကြောင့် အဆင်ပြေကြောင်းပြောပြီး wheel ကိုကိုယ့်ဘာသာတွန်း၍ခြံထဲဆင်းခဲ့သည်။ စောသဒ္ဒါမောင်ငယ်ငယ်လေးတည်းကပန်းအရမ်းကြိုက်သည်။ မည်သည့်ပန်းမဆိုစောသဒ္ဒါမောင်မြတ်နိုးသည်။ ဦးမိုးလုံးမှိုင်းတို့ခြံထဲတွင်ပန်းမျိုးတော်တော်များများကိုစိုက်ပျိုးထားသဖြင့် စောသဒ္ဒါမောင်အတွက်တော့ နတ်ပြည်ရောက်နေသလိုပင်။ နေကြာပန်းရိုင်းတွေကို ခြံလေးခတ်ပြီးစိုက်ထားသောပန်းခင်းလေးကို ငေးကြည့်နေစဉ်...
'' ပန်းတွေကိုကြိုက်တာလား...''
လှည့်ကြည့်လိုက်တော့ ဦးမိုးလုံးမှိုင်း၏သတို့သမီးလောင်း ကြည်နူးမေဖြစ်နေသည်။
''ဟုတ်..ကြိုက်တယ်ဗျ''
'' အဟင်းတစ်ကယ်တူတာပဲ "
"ဗျာ..ဘာကိုတူတာလဲဟင် "
"တစ်စုံတစ်ယောက်နဲ့ပေါ့...သူကလည်းပန်းတွေဆိုအရမ်းကြိုက်တာ ဒီပန်းခင်းတွေကလည်း သူ့အတွက်ကိုကိုကိုယ်တိုင်စိုက်ပေးထားတာလေ ''
''ဪ..အဲ့ဒီလူကတော်တော်ကံကောင်းတာပဲ ဘယ်သူလဲဆိုတာမမလေးသိလားဟင် ''
စောသဒ္ဒါမောင် သိချင်စိတ်လေးနှင့်မေးလိုက်တော့ ကြည်နူးမေမျက်နှာကွပ်ခနဲပျက်သွားပြီး...
''sorry ပါကိုစောသဒ္ဒါမောင် အာ ကိုကိုခေါ်သလို ကိုစောလို့ပဲခေါ်မယ်နော်ရတယ်မလား ''
''ဟုတ် ရပါတယ်မမလေး ''
''အမှန်တော့သူ့အကြောင်းကို ဒီစံအိမ်မှာပြောခွင့်မရှိဘူး ဒီနေ့ဒီအကြောင်းကိုမေမပြောခဲ့ဘူးလို့ယူဆလိုက်နော် ပြီးတော့ဒီအိမ်ကဘယ်သူ့ကိုမှပြန်မမေးနဲ့နော် ''
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Bí ẩn / Giật gân"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
