"လုံးငယ် ပြောတော့ကိုကို့ကိုချစ်တယ်ဆို အဲ့မိန်းကလေးကိုဘာလို့နမ်းတာလဲ"
မေးလာသူမှာ ဒေါသတော်တော်ထွက်နေဟန်ပင် မျက်လုံးများသည်သွေးကြောမျှင်များဖြင့်နီရဲနေကာ နဖူးကြောများပင်ထောင်ထနေသည်။ မိမိပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ထားသောလက်တို့မှာတင်းကြပ်လွန်းသဖြင့် မိမိပခုံးသားများပင်နာကျင်လာရသည်။ သူ့၏လက်မောင်းကိုမိမိလက်တို့ဖြင့်ဆုပ်ကိုင်လိုက်ပြီး
"ကိုကိုလေး လုံးငယ်ရှင်းပြပါ့မယ် လုံးငယ်ကိုလွှတ်ပေးပါဦး လုံးငယ်နာလှပြီ"
"ကိုကိုမင်းကိုပြောထားပြီးသားလေ ကိုကို့အပိုင်ဖြစ်လာမယ်ဆိုကိုကိုကလွဲရင်ဘယ်သူနဲ့မှရောရောထွေးထွေးမနေနဲ့လို့ပြောထားတာလဲမင်းနားမထောင်ဘူးလုံးငယ် ကိုကိုမင်းကိုမှတ်လောက်သားလောက်အောင်ဘယ်လိုအပြစ်ပေးသင့်လဲ"
"မဟုတ်ဘူး..ကိုကိုလေးအထင်လွဲနေတာ..လုံးငယ်ကိုလွှတ်ပါ..အု...ကိုကိုလေး..အွန့်"
စကားကိုဆုံးအောင်မပြောရသေးမီ သူ့နှုတ်ခမ်းများကိုစုပ်ယူငုံထွေးခြင်းခံလိုက်ရသည်။ မဟုတ်ကိုက်ဖြတ်ဝါးမျိုခြင်းဆိုပိုမှန်လိမ့်မည်။ အပေါ်နှုတ်ခမ်းကိုတစ်လှည့်အောက်နှုတ်ခမ်းကိုတလှည့်တတိတိကိုက်ဝါးနေသူမှာသားရဲတစ်ကောင်အစာစားနေသည့်အလားကြမ်းတမ်းလွန်းလှသည်။ နာကျင်လွန်းလှသဖြင့် မျက်နှာကိုဘယ်ညာရမ်းကာရုန်းမိတော့ အနမ်းတို့ရပ်တန့်သွားသည်။ ထို့နောက်တွင်တော့ လေပေါ်သို့မြောက်ခနဲဖစ်သွားသည့်မိမိခန္ဓာကိုယ်။ ချီပွေ့ပြီး ကုတင်ပေါ်သို့ပစ်တင်ခံလိုက်သဖြင့် အင့် ခနဲမြည်သွားရသည်။ ကုတင်ပေါ်ရောက်ရောက်ခြင်းလူးလဲထမိတော့ ထလို့မရအောင်မိမိခါးကိုခွထားလာသောကိုကိုလေး...
"ကိုကိုလေးဘာလုပ်မလို့လဲ...လုံးငယ်ကိုလွှတ်..အု...."
နောက်တစ်ကြိမ်သိမ်းပိုက်ခံလိုက်ရသောနှုတ်ခမ်းတို့ကြောင့် လက်များဖြင့်သူ့ရင်ဘက်ကိုတွန်းကာရုန်းပါသော်လည်း မိမိလက်တို့ကိုသူ့လက်တစ်ဖက်ဖြင့်ချုပ်ကာခေါင်းပေါ်သို့မြှောက်တင်ခြင်းခံလိုက်ရသည်။ နှုတ်ခမ်းအတွင်းသိုဝင်ခွင့်မပေးပဲတင်းတင်းစေ့ထားမိသဖြင့် ကိုက်ခံလိုက်ရသောအောက်နှုတ်ခမ်း။ ဆစ်ခနဲနာကျင်သွားသောကြောင့်သတိလက်လွှတ်ပါးစပ်ကိုဟလိုက်မိတော့ ဝင်ရောက်လာသောသူ့လျှာသည် ခံတင်းတစ်ခုလုံးကို လှည့်ပတ်ခြယ်လှယ်နေပုံမှာ မိမိတစ်ကိုယ်လုံးကိုဝါးမြိုနေချင်သကဲ့သို့ပြင်းထန်လှသည်။ သူ့မှာတော့လှုပ်၍ပင်မရသဖြင့် တစ်ဖက်လူစိတ်ကြိုက်အနမ်းခံနေရသည်။ ထိုမျှသာမက အနမ်းများသည်တဖြည်းဖြည်းအောက်သို့ရောက်လာသည်။ လည်တိုင်အနှံ့ကိုလည်းစုပ်ယူကိုက်ခဲသည်။ သူ၏အားနေသောလက်တစ်ဖက်ဖြင့် အင်ကျီကြယ်စေ့များကိုဆွဲဖြုတ်ပြီး ပုခုံးသားများပေါ်အောင်ဆွဲချသည်။ ပေါ်လာသောပုခုံးသားများကိုစုပ်ယူကိုက်ခဲသည် နာကျင်လွန်းသဖြင့်မျက်ရည်များပင်ကျလာရသည်။

YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Misterio / Suspenso"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...