"စော"
"ဦးမှိုင်း ဒီကိုဘာလာလုပ်တာလဲဟင် "
'သူ ဒီကိုဘာလာလုပ်တာပါလိမ့် လုပ်ငန်းကိစ္စတော့မဖြစ်နိုင်ဘူး ငါပေးထားတဲ့ schedule ထဲမှာမပါဘူး..ဟုတ်မှလွဲရော date လုပ်နေတာများလား'
အတွေးလေးနဲ့စောသဒ္ဒါမောင်၏မျက်ဝန်းများသည်စပ်စုချင်တဲ့ဗီဇလေးကြောင့်လက်လာတာကိုမြင်လိုက်တော့ မိုးလုံးမှိုင်းကြိတ်ပြုံးမိသည်။ 'အရူးလေးအတွေးများနေပြန်ပြီ'
"စိုင်းသုသျှန်နဲ့ချိန်းထားလို့ ဒါပေမယ့်တွေ့ပြီးပါပြီ အခုအိမ်ပြန်တော့မှာ မင်းကိုယ်နဲ့အိမ်တစ်ခါတည်းပြန်လိုက်ချင်လား"
"ဟုတ်ကဲ့"
"စောမောင် ဘယ်သူလည်းမီမီတို့ကိုလည်းမိတ်ဆက်ပေးဦးလေ"
သူတို့နှစ်ယောက်စကားပြောတာကို တစ်ချိန်လုံးတိတ်တဆိတ်အကဲခတ်နေတဲ့မီမီစစ်နိုင်ကဖြတ်ပြောလာသည်။ သူမမိုးလုံးမှိုင်းကိုသိသည်။ 'Y'မြို့၏နံပါတ်တစ်အိမ်တော်ဖြစ်သော 'ဒဏ္ဍာရီမှိုင်း' စံအိမ်မှသခင်လေးကို သူမမသိပဲဘယ်နေလိမ့်မလဲ။ တမင်မသိချင်ဟန်ဆောင်၍မိတ်ဆက်ခိုင်းခြင်းဖြစ်သည်။ စောသဒ္ဒါမောင်လိုလူမျိုးနှင့်မိုးလုံးမှိုင်းတို့ဘာကြောင့်ရင်းနှီးနေသလဲစဉ်းစား၍မရ။ သူမအကဲခတ်ရသလောက်တော့ စောသဒ္ဒမောင်သည်သာမာန်မိသားစုတစ်ခုမှဆင်းသက်လာဟန်တူသည် သူ၏အသုံးအဆောင်ပစ္စည်းများကိုကြည့်ခြင်အားဖြင့်သိနိုင်သည်။ မိုးလုံးမှိုင်းကတော့မတူပေ။ သူမတို့လိုချမ်းသာသည့်အသိုင်းအဝိုင်းမှလူမျိုးပင်ချဉ်းကပ်၍မရနိုင်လောက်သောနတ်ဘုရားကဲ့သို့လူမျိုးပင်။ ဒီလိုလူမျိုးကပင်အရေးတယူအရင်နှုတ်ဆက်လာသည့်အပြင်အိမ်ပြန်ပို့ရန်ပင်ပြောနေရသောစောသဒ္ဒါမောင်၏နောက်ကြောင်းကလည်းထူးဆန်းသည်။
'စိတ်ဝင်စားစရာတော့တွေ့ပြီ'
"အာ..ဟုတ်ကဲ့ကျွန်တော်မေ့နေတာ.. ဦးမှိုင်း ဒါကလပြည့်မောင်ပါကျွန်တော့်သူငယ်ချင်းပါ ပြီးတော့သူကမီမီစစ်နိုင်တဲ့ သူလည်းသူငယ်ခိင်းပေါ့....မီမီ၊ လပြည့် ဒါကဦးမိုးလုံးမှိုင်းတဲ့ငါ့ရဲ့အလုပ်ရှင်သူဌေးလေ"

YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Misterio / Suspenso"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...