ချစ်ကြပြီဆိုတော့လည်းနေ့ရက်တိုင်းချိုမြိန်မှုတြွေပည့်နှက်လို့နေသည်။ ကွန်းခိုရာအတွက်တော့တစ်ကယ်ကိုပျော်ရွှင်ချမ်းမြေ့ရသောနေ့ရက်များဟုဆိုနိုင်လေသည်။ မနက်မိုးလင်းတာနှင့် ကိုကိုလေးကိုအိပ်ရာနိုးသည့်တာဝန်ကိုယူပြီးသည်မှစ၍ သူ့နှုတ်ခမ်းတို့သည်အနားမရခဲ့။ ကိုကိုလေးသည်သိပ်ဆိုးသောလူကြီးဖြစ်လာလေသည်။ အိပ်ရေးမဝသေးတာကိုအကြောင်းပြပြီးကွန်းခိုရာကိုပါသူနှင့်အတူဖက်အိပ်တတ်သည်။ အလုပ်ပိတ်ရက်များဆိုလည်း ကွန်းခိုရာအတွက်စန္ဒယားတီးပြသည်။ နားမလည်သောစာများကိုရှင်းပြသည်။ တလောကမှတစ်ဆင့်တက်လာသည်က ကိုကိုလေးသည်ကွန်းခိုရာကိုစန္ဒယားလက်ကွက်အချို့သင်ပေးပြီးအတူတူတီးလေ့ရှိသည်။ ဒီနေ့လည်းကွန်းခိုရာကို လက်ဆောင်ပေးမည်ဆိုပြီးသူ့အခန်းဆီသို့ခေါ်ခဲ့သည်မို့ ကွန်းခိုရာတစ်ယောက်ရင်ခုန်စွာနှင့်လာခဲ့ရသည်။
! ဒေါက်..ဒေါက်!
" ဝင်ခဲ့ပါကွာ.. ကိုကိုတံခါးဖွင့်ထားတယ် "
ကွန်းခိုရာအခန်းထဲရောက်တော့ ပိတ်ဖြူလွှမ်းထားသောတစ်စုံတစ်ခုရှေ့တွင်ကိုကိုလေးက ရပ်နေပြီးသူ့ဝင်လာသည်ကိုမြင်တော့ အနားလာကာသူ့လက်မောင်းတွေကြားထဲကွန်းခိုရာကိုယ့်လေးကိုဆွဲယူသိုင်းဖက်လိုက်သည်။ ပြီးတော့ ကွန်းခိုရာနားရွက်နားသို့တိုးတိုးလေးကပ်ကာဆွဲဆောင်မှုရှိသောအသံဖြင့်...
" Happy birthday ပါကိုကို့လုံးငယ်လေး "
အံအားသင့်သောအရိပ်အယောင်တစ်ချို့ကွန်းခိုရာ့မျက်လုံးထဲတွင်ဖြတ်ပြေးသွားရပြီး...
" ကိုကိုလေးကဘယ်လိုလုပ်သိလဲဟင် "
" ကိုကို့လုံးငယ်လေးနဲ့ပတ်သတ်လာရင်ကိုယ်မသိတာမရှိဘူးလို့ပြောရင် ယုံမှာလား "
" တစ်ကယ်လား "
မယုံသလိုမျက်နှာပေးလေးနှင့်သူ့ကိုမော့ကြည့်ရင်းမေးလာသော ရင်ခွင်ထဲကကောင်လေးကြောင့်မှိုင်းသုရှင်အသည်းတယားယားဖြစ်ရသည်။ ကောင်လေး၏နှုတ်ခမ်းဖူဖူလေးကိုဖြတ်ခနဲတစ်ချက်နမ်းပြီးမှ...
" ဒါပေါ့...မယုံရင်ကိုယ်သက်သေပြမယ်လေ...လုံးငယ်လေးကျောပေါ်ကမဲ့အနီလေးကစ ညာဖက်တင်ပါးပေါ်က အမှတ်သေးသေးအထိကိုကိုသိပါတယ်နော် "

YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
غموض / إثارة"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...