Unicode.Side Story (2)

598 47 0
                                    

" ငြိမ်းငြိမ်းချမ်းချမ်းအနားယူပါဘဘကြီး..ကျွန်တော်လည်းဦးမှိုင်းနဲ့အတူတူရှိနေပြီမို့လို့ ဘဘကြီးလည်းဝမ်းသာနေမယ်လို့ယုံကြည်ပါတယ် "

" ဘဘကြီး စိတ်ချပါ..ကျွန်တော်စောငယ်ကိုအသက်ထက်မြတ်နိုးပေးမှာမို့လို့နောက်ဆံမတင်းပါနဲ့နော် "

" ဖိုးဖိုးကြီး ကျွန်တော်ဖိုးဖိုးကြီးကိုကတိပေးထားတဲ့အတိုင်း သခင်လေးနဲ့အစ်ကိုလေးကိုပေါင်းစည်းနိုင်အောင်ကူညီပေးပြီးပါပြီ..ဖိုးဖိုးကြီးပျော်ပါတော့  "

ဒီနေ့ဦးစောကြည်ဖြူ၏နှစ်ပတ်လည်နေ့ဖြစ်သောကြောင့်မိုးလုံးမှိုင်းတို့ဦးမှိုင်းလုံကိုခေါ်၍လာကန်တော့ဖြစ်ကြသည်။  ဦးစောကြည်ဖြူ၏အရိုးပြာကိုမြေဆွေးအဖြစ်သုံး၍စိုက်ပျိုးထားသောသစ်ပင်ကြီးကိုရှေ့တွင်လူသုံးယောက်သည် သူတို့ခံစားချက်တွေကိုဖွင့်ဟနေသည်။ အထူးသဖြင့်စောသဒ္ဒါမောင်ပင်ဖြစ်သည်။

အခုတလောစောသဒ္ဒါမောင် အရင်ဘဝကအကြောင်းတွေကိုအိမ်မက်အဖြစ်မကြာခဏမြင်မက်လေ့ရှိသည်။ ထိုအထဲတွင်သူလူမမယ်အရွယ်လေးကတည်းကဦးစောကြည်ဖြူသည်စံအိမ်သခင်တွေညိုညင်နေတဲ့ကြားမှရအောင်ပြုစုစောင့်ရှောက်၍လူလားမြောက်စေသည်။ သူ့နာမည်ကိုပင်နားခိုရာအရိပ်အစစ်အမှန်ကိုရှာတွေ့စေလို၍ကွန်းခိုရာဟုပေးခဲ့ခြင်းဖြစ်ကြောင်းလည်းအိမ်မက်တွေမှသိခဲ့ရသည်။

ကွန်းခိုရာနှင့်ကိုကိုလေးရဲ့အကြောင်းကြားတော့လည်း သူ့ဟာယုံကြည်ချင်စရာလူတစ်ယောက်မဟုတ်လို့ကွန်းခိုရာသူ့ကိုမတိုင်ပင်ခဲ့သည်ဟုယူဆပြီး သူ့ကိုယ်သူအပြစ်တင်ခဲ့သည်။ နောက်ဆုံးတားမြစ်ထားသောအစီအရင်ကိုပင်သူ့အသက်ကိုရင်းပြီးကွန်းခိုရာအတွက်ပြုလုပ်ခဲ့သည်။ နောက်ဘဝတော့ချစ်သောသူနဲ့ပျော်နိုင်ပါစေတဲ့။ မွေးစားသားဖြစ်သော်လည်း ထိုလူအိုကြီးမည်မျှချစ်ခဲ့ကြောင်းပြောပြစရာပင်မလိုခဲ့ပေ။

" သခင်လေးတို့ စံအိမ်ပဲတန်းပြန်မှာလား "

" ဟုတ်တယ်..ဦးလေးလုံ..စောကအခုတလောအမြဲအိပ်ချင်နေလို့စံအိမ်ပဲပြန်ပြီးအနားယူခိုင်းမလို့ "

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now