At, Devil Club,
စောသဒ္ဒါမောင်ကလပ်ထဲကိုဝင်တော့ လပြည့်မောင်တို့ကိုချက်ချင်းရှာမတွေ့ပေ။ ဆူညံနေသောသီချင်းသံများ နှင့်ရောင်စုံမီးရောင်များကြား dance floorတွင်ကခုန်နေကြသောလူအချို့ကိုဖြတ်ကျော်အပြီးမှ....
"Hello bro"
Bar တွင်ထိုင်နေသောလပြည့်မောင်ကလက်လှမ်းပြကာနှုတ်ဆက်သဖြင့် သူ့ဆီသို့လျှောက်သွားကာ ဘေးတွင်လွတ်နေသောခုံတွင်ဝင်ထိုင်လိုက်သည်။
"အိမ့်သျှင်ရောမပါဘူးလား "
"ဟိုမှာလေ သူ့ဘော်ဒါနည်းနည်းပါလာတော့ အဖွဲ့ကျနေတာ"
လပြည့်မောင်ညွှန်ပြသောနေရာကိုကြည့်တော့ ပေါင်လည်သာသာရှိသော မရမ်းရောင် dressလေးနဲ့ကနေသောအိမ့်သျှင်ဝန်းကိုတွေ့လိုက်သည်။ သူမဘေးနားတွင်တော့ သူမ၏သူငယ်ချင်းများဖြစ်ဟန်တူသောမိန်းကလေးသုံးယောက်သည်လည်းအလားတူကနေရင်းစကားပြောလိုက် ရယ်လိုက်လုပ်နေကြသည်။
"စောမောင်...မင်းဘာသောက်မလဲ"
"အင်း North Pinckney ပဲသောက်တော့မယ်"
"ဟာ မင်းကလည်းအဲ့တာကတော့ပျော့လွန်းတယ် Long Island Iced Tea လောက်တော့သောက်ကွာ"
"အင်း..အင်း..အဲ့ဒါဆိုလည်းအဆင်ပြေတာချကွာ"
"Ok"
လပြည့်မောင် bar မှ bartenderကောင်လေးအား စောမောင်အတွက် Long Island Iced Teaမှာကာ မိမိအတွက်တော့ Aunt Roberta တစ်ခွက်မှာလိုက်သည်။ ပြီးနောက်..
"မင်းရွှေစက်ဆီကိုရောဆက်သွယ်ဖြစ်လား မင်းအဖွားနဲ့တော့သူတော်တော်ကီးကိုက်နေတယ် သူ့ဆိုင်သွားလိုက်တိုင်း မင်းအဖွားဆီရောက်လို့ချည်းပဲ"
(ကီးကိုက် = သဘောထားချင်းတူ၍စိတ်တူကိုယ်တူဖြစ်နေတာကိုပြောချင်တာပါ)
"ငါတို့လမ်းခွဲလိုက်ပြီ"
"ဟမ်!..ဘယ်တုန်းကလဲ မင်းမနောက်နဲ့နော်"
လပြည့်မောင်မှမယုံသလိုပြောလျှင် စောသဒ္ဒါမောင်သက်ပြင်းတစ်ချက်ချကာ..
"အခုလေးတင်ပဲ...မင်းဖုန်းဆက်တော့သူ့ဆီကလမ်းခွဲစကားကြားပြီးခါစလေးပဲ"
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
غموض / إثارة"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...