စောသဒ္ဒါမောင်တစ်ယောက်မီးဖိုထဲတွင်တကုပ်ကုပ်နှင့်အလုပ်ရှုပ်နေသည်။ အကြောင်းကတော့ မိုးလုံးမှိုင်းဆီသို့ထမင်းချိုင့်ကိုယ်တိုင်သွားပို့ချင်သောကြောင့်ဖြစ်သည်။ မိုးလုံးမှိုင်းမှာအလွန်အလုပ်ရှုပ်နေပုံရသည်။ အိမ်ပြန်မလာသည်မှာနှစ်ရက်ခန့်ရှိပြီသလို ဒေါ်မှိုင်းဧကရီနှင့်လည်းဆက်ဆံရေးမှာပိုမိုဆိုးဝါးလာပုံရသည်။ စောသဒ္ဒါမောင်မှာကုမ္ပဏီသို့လည်းမသွားရသဖြင့်စိတ်ပူနေရသည်။ ဦးမှိုင်းလုံကိုမေးကြည့်သော်လည်းစိတ်မပူရန်သာပြောသည်။ စိုင်းသုသျှန် ကိုဖုန်းဆက်မေးကြည့်ပြန်တော့ ကုမ္ပဏီတွင်ရှယ်ယာအပြောင်းအလဲရှိကြောင်းသာပြောသည်။
မှိုင်းမျိုးနွယ်၏ဆက်ခံသူနေရာပြောင်းလဲနိုင်ကြောင်းအိမ်မှအလုပ်သမားများတိုးတိုးတိတ်တိတ်ပြောနေသည်ကိုကြားရ၍ဘယ်လိုမှစိတ်မအေးနိုင်ဖြစ်နေရသည်။ ထို့ကြောင့်မိုးလုံးမှိုင်းဆီသို့ဖုန်းဆက်မိသို့ စိတ်မပူရန်နှင့်ဘယ်သွားသွားဦးမှိုင်းလုံကိုခေါ်သွားရန်သာပြောခဲ့သည်။ သူတောင်းဆိုလွန်း၍သာထမင်းချိုင့်ပို့ရန်လက်ခံခဲ့သည်လေ။ မတွေ့ရတာကြာပြီဖြစ်သောသူကိုတွေ့ချင်၍ကတစ်ကြောင်း အစားအသောက်မမှန်ဟုစိုင်းသုသျှန်ကပြောလာ၍ကျွေးမွေးချင်သည်ကတစ်ကြောင်းဖြင့် စံအိမ်တော်မှစာဖိုမှူးထံသို့အကူအညီတောင်းကာစိတ်ပါလက်ပါချက်ပြုတ်နေခြင်းဖြစ်သည်။ ချက်ပြုတ်ပြီး၍ရေချိုးရန်အပေါ်သို့အတက် ဧည့်ခန်းထဲတွင်ထိုင်နေသောဒေါ်မှိုင်းဧကရီနှင့် ကြည်နူးမေကိုတွေ့လိုက်သဖြင့်နှုတ်ဆက်ရပြန်သည်။
" သခင်မကြီး "
" သားစော ..လာပါဦးကွယ်ဘွားတော်ဆီကို "
" ဟုတ်ကဲ့ "
" အေးအေး..လာထိုင်ဦး တို့များလည်းတစ်အိမ်ထဲသာအတူတူနေကြတယ်တွေ့ရတဲ့အချိန်ကခပ်ရှားရှားရယ်.. သားအခုကုမ္ပဏီသွားမလို့ဆို. ပြင်ဆင်ပြီးပြီလား "
" ဟုတ်..ရေချိုးပြီးရင်သွားတော့မလို့ပါ သခင်မကြီး "
" ဘွားတော်လို့ပဲခေါ်ပါဆိုကွယ် "
" ဟုတ်ကဲ့ပါ ဘွားတော် "
" အင်း ဒါနဲ့သားလက်ကလက်စွပ်က "
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Misterio / Suspenso"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...