34. Past life (4)(Unicode)

766 76 0
                                    

1968.11.3,

ဒီနေ့နှင်းမြူတွေကျပြီးအရမ်းချမ်းတယ်။
ပြီးတော့ကိုကိုလေးက အခက်အခဲတွေကိုသူတစ်ယောက်တည်းဖြေရှင်းပြီးတော့ သခင်မလေးနဲ့စေ့စပ်ဖို့ကိုတရားဝင်ငြင်းလိုက်တယ်။
ငါအရမ်းပျော်နေတာကိုများကိုကိုလေးသိရင်ယုတ်ညံသူရယ်လို့များအပြစ်တင်မလား။

............................................

ကွန်းခိုရာနှင့်မှိုင်းသုရှင်တို့၏ဆက်ဆံရေးသည် ဒီရက်တွေအတောအတွင်း အရမ်းအဆင်ပြေခဲ့ကြသည်။ တစ်ယောက်စိတ်ကိုတစ်ယောက်နားလည်ပြီး အတွင်းသိအဆင်းသိဟုပြောရလောက်အောင်ကိုရင်းနှီးခဲ့ကြလေသည်။

ကွန်းခိုရာ ရင်တွေအရမ်းခုန်နေရသည်။ အကြောင်းမှာကိုကိုလေးကသူကျောင်းဆက်တက်ဖို့ရာတွင်ကူညီမည်ဟုပြောလာရုံပင်မက စာများကိုလည်းရှင်းပြမည်ဟုပြောလာသောကြောင့်ဖြစ်သည်။ သူ့အတွက်ကတော့ ကိုကိုလေးနှင့်အခုလိုနှီးနှီးကပ်ကပ်နေခွင့်ရတာလေးနှင့်ပင်အလွန်ရင်ခုန်စိတ်လှုပ်ရှားရသည်။

" လုံးငယ်လေး..မနက်ဖြန်ကိုကိုလေးနဲ့မြို့ထဲသွားပြီးကျောင်းတက်ဖို့လိုအပ်တာတွေဝယ်ရအောင် "

" ရပါတယ်သခင်လေးရဲ့ ကျွန်တော့်ဘာသာပဲသွားဝယ်လိုက်ပါ့မယ် "

" ကိုယ့်စကားကိုနားမထောင်ရင် ကျောင်းတက်ခိုင်းဖို့အစီအစဥ်ကိုရုပ်သိမ်းလိုက်မှာနော် "

သူ့ကိုကလေးတစ်ယောက်လိုသဘောထားပြီးခြိမ်းခြောက်နေတဲ့ကိုကိုလေးကိုကြည့်ပြီး ကွန်းခိုရာတစ်ယောက်ပြုံးလိုက်မိသည်။ ပြီးတော့အလိုလိုက်ချင်သောလူကြီးတစ်ယောက်၏ဟန်ပန်ဖြင့်...

" ဟုတ်ပါပြီဗျာ...ကိုကိုလေးသဘောပါဗျ "

သူ့ကိုတောင်ပြန်စနောက်ရဲနေပြီဖြစ်တဲ့ ကောင်လေးကိုကြည့်ရင်းမှိုင်းသုရှင်မျက်ခုံးကိုပင့်ပြီးပြုံးလိုက်မိသည်။ ဒီရက်တွေအတောအတွင်းမှာသူနှင့်မိဘနှစ်ပါးကြားကဆက်ဆံရေးသည်တော်တော်လေးကိုဆိုးရွားသည်ဟုပြောလို့ရသည်။ အလုပ်ကိစ္စအခက်အခဲတွေအပြင် မှိုင်းဧကရီကိုစေ့စပ်ဖို့ကိစ္စနှင့်ပတ်သတ်ပြီးသူနှင့် မိဘတွေကြားထဲတွင်သဘောထားကွဲလွဲမှုကြီးကြီးမားမားဖြစ်ပေါ်ခဲ့သည်။ သူကအနောက်နိုင်ငံမှာကြီးပြင်းခဲ့သူပီပီလွတ်လပ်မှုကိုတန်ဖိုးထားသည်။

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now