စောသဒ္ဒါမောင်နေပြန်ကောင်းသည်နှင့်မိုးလုံးမှိုင်းလက်ထဲကလွတ်မြောက်နိုင်မည့်အကြံအသည်တစ်ချို့ကိုအကောင်အထည်ဖော်တော့သည်။ ပြီးခဲ့တဲ့ရက်တွေတုန်းကသူ့မှာအပြင်ထွက်လို့မရခဲ့။ ပေါ်တင်ကြီးပိတ်ပင်သည်မဟုတ်သော်ငြားလည်းမိုးလုံးမှိုင်း၏ကိုရံတော်များကသူ့အခန်းအပြင်မှာစောင့်နေပြီး အပြင်ထွက်မည်လုပ်တိုင်းမိုးလုံးမှိုင်းဆီဖုန်းဆက်ပြီးခွင့်တောင်းခိုင်းသည်။ နောက်ဆုံးတော့မိုးလုံးမှိုင်းနှင့်စကားမပြောချင်သောသူသာလက်လျော့ပြီးအခန်းထဲသာပြန်ဝင်ခဲ့ရသည်။
ဒီနေ့တော့တစ်အိမ်လုံးတိတ်ဆိတ်နေပြီး အခန်းအပြင်ကကိုရံတော်တွေလည်းမရှိပေ။ ထူးဆန်းစွာပဲတိတ်ဆိတ်နေသော်လည်း စောသဒ္ဒါမောင်မှာထိုအရာကိုအာရုံမစိုက်အား။ အစောကြီးကတည်းကအခြေအနေကစောင့်ကြည့်ပြီးအခြေအနေကောင်းသည်နှင့်ဖွားပေးထားသည့် ကြင်ဖက်တွေ့မည့်မိန်းကလေး၏ဖုန်းနံပါတ်ကိုဆက်ပြီးတွေ့ရန်ချိန်းထားပြီးသား။ မိုးလုံးမှိုင်းကိုဤနည်းနှင့်မှသူ့အနားကခွာထုတ်၍ရလောက်သည်။ သူ့အဝတ်အစားတွေနှင့်ပစ္စည်းတွေအကုန်ကို
laggage ထဲစုပုံထည့်၍ယူလာခဲ့သည်။
အခန်းအပြင်ကိုခေါင်းအရင်ထွက် တောင်ကြည့်မြောက်ကြည့်ကြည့်ပြီးလူရှင်းသဖြင့်အောက်ထပ်သို့အမြန်ပြေးဆင်းရသည်။ အောက်ထပ်ရောက်တော့လည်းလှေကားရင်းမှနေ၍အခြေအနေကိုချောင်းကြည့်ရသေးသည်။ လူတစ်ယောက်မှမရှိသဖြင့်တံခါးဆီပြေးရန်အပြင်...
" သားစော... "
သြဇာသံအနည်းငယ်ပါသောအမျိုးသမီးကြီး၏အသံကိုကြားသဖြင့်လှည့်ကြည့်တော့ ဒေါ်မှိုင်းဧကရီနှင့်အတူကြည်နူးမေနှင့်ဒေါ်မှိုင်းဧကရီ၏လူယုံဒေါ်စန္ဒီကိုပါတွေ့လိုက်ရသည်။ ဒေါ်မှိုင်းဧကရီ၏မျက်နှာမှာအနည်းငယ်မည်းမှောင်နေပြီးသူမဘေးကမိန်းမနှစ်ယောက်လက်ထဲတွင်တော့အထုပ်အပိုးများနှင့်ပြည့်နေသည်။
စောသဒ္ဒါမောင်အလျင်လိုနေသော်လည်းစံအိမ်တစ်ခုလုံးတွင်အကြီးဆုံးဖြစ်သူကခေါ်နေတော့လည်းသွားရပြန်သည်။
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Детектив / Триллер"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
