22.(Unicode) အစားထိုးခံလား

1.4K 98 1
                                    

တစ်ကယ်ပြောတာလားစော"

စောသဒ္ဒါမောင်ရှက်ဝဲဝဲလေးပြုံးရင်းခေါင်းညိမ့်လိုက်လေသည်။အမှန်တစ်ကယ်လည်းသူဒီလူကြီးအပေါ်ခံစားချက်အချို့ရှိနေပြီဖြစ်သည်။ သူ့အပေါ်ဆိုစိတ်ရှည်လွန်းသော ကဲလွန်းသည်လွန်း သဝန်တိုလွန်းသောဒီလူကြီးအပေါ်အချိန်ကြာလာသည်နှင့်အမျှ ခံစားချက်တွေတိုးလာရသည်။ အခုလည်းသူ့ဖက်ကခံစားချက်ရှိကြောင်းဝန်ခံလိုက်တော့ မျက်ရည်များဝဲတက်လာသည်အထိပျော်သွားသောထိုလူကြီး၏မျက်နှာကိုကြည့်ပြီး နူးညံ့သောခံစားချက်လေးတစ်မျိုးရင်ထဲသို့စီးဆင်းသွားရသည်။

''တစ်ကယ်ပေါ့ ဦးမှိုင်းရဲ့ကျွန်တော်ကညာပါ့မလား ''

''ကိုယ်.... ကိုယ်တစ်ကယ်ကိုဝမ်းသာတယ်စောသိလား...ကိုယ့်ဖက်ကချစ်နေရင်ရပြီလို့ထင်ထားပေမယ့် စောဆီကတုန့်ပြန်မှုကိုမမျှော်ဘူးလို့ပြောရင်ကိုယ်လိမ်တာပေါ့.... ကိုယ်...ကိုယ်တစ်ကယ်ကိုတန်ဖိုးထားပါ့မယ်... တစ်ချိန်မှာစောကိုယ့်ကိုပြန်ချစ်နိုင်အောင်ကြိုးစားပါ့မယ်.. ''

ပြောလည်းပြော သူ့ရဲ့လက်တွေကိုလည်းတဖွဖွနမ်းနေသော သူ့ရှေ့မှကလေးကြီးကိုကြည့်ကာ စောသဒ္ဒါမောင်ပြုံးမိပြန်သည်။

''ဟုတ်ပါပြီ အဲ့ဒါဆိုကျွန်တော်တို့အိမ်ထဲပြန်သွားရအောင်နော် ဒီနေရာကလေတိုက်တော့ကျွန်တော်ချမ်းလာပြီဗျ ''

''ဟာ..ဟုတ်သားပဲ  ကိုယ်အပျော်လွန်ပြီးမေ့နေတာ အိမ်ထဲပြန်ဝင်ရအောင်နော် ''

နှစ်ယောက်သားအိမ်လေးထဲကိုပြန်ရောက်တော့ မိုးလုံးမှိုင်းကသူတို့ရဲ့ပထမဆုံး date လေးမှာ ဝိုင်သောက်ရတာကြိုက်သောချစ်သူလေးအတွက် သူကိုယ်တိုင် USA ကဝယ်လာသော Screaming Eagle Cabernet 1992ခုထုတ်ဝိုင်ကိုဖောက်ကာ ဖန်ခွက်လေးထဲကိုထည့်ပေးလိုက်သည်။ ဝိုင်ကြိုက်သောကောင်လေးကချက်ချင်းပင်ဝိုင်ခွက်ကိုကိုင်ပြီးမော့လိုက်လေတော့ မိုးလုံးမှိုင်းမှာသီးသွားမလားစိုးရိမ်ရသေးသည်။

''ဘယ်လိုနေလဲစော သောက်လို့ကောင်းရဲ့လား ''

''ဟီး ကျွန်တော့်အတွက်တော့ဘယ်ဝိုင်မဆိုအတူတူပဲ သောက်လို့ကောင်းတယ် ''

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now