36.Past Life (6) (Unicode)

770 73 0
                                    

ကွန်းခိုရာခေါင်းမီးတို့တောက်နေသလိုခံစားရသည်။ ရွာလေးမှပြန်လာပြီးတစ်ပတ်လောက်အထိသူ့မှာကျောင်းတက်ရ မှိုင်းလုံလေးကိုစံအိမ်ကြီးနှင့်နေသားကျအောင်ပြုစုရနှင့်ဒိုင်ယာရီမရေးဖြစ်ပေ။ ဒီနေ့မှရေးရန် သူထားနေကျနေရာလေးကိုကြည့်မိတော့ စာအုပ်ကမရှိတော့ပေ။ လိုက်ရှာတာလည်းတစ်အိမ်လုံးနံနေပြီအခုထိရှာမတွေ့။ တစ်ယောက်ယောက်များတွေ့သွားပြီးယူသွားသလားဟုတွေးမိတိုင်း စိတ်ပူလွန်း၍သေချင်စော်ပါနံသွားရသည်။

မဖြစ် ကိုကိုလေးကိုအကြောင်းရမည်။ အတွေးထက်ခြေလှမ်းတို့ကမြန်စွာ မအိပ်ပျော်နေပြီဖြစ်သောမှိုင်းလုံလေးကိုစောင်လုံအောင်ခြုံပေးပြီး မီးအိမ်လေးကိုဆွဲကာ စံအိမ်ကြီးဆီသို့ထွက်လာခဲ့သည်။

" လုံးလုံး...ဟဲ့...လုံးလုံး"

" အာ...မဆွေငယ်ပါလား...ဘာလို့ခေါ်တာလဲဗျ "

" လာပါဦးငါ့မျက်စိထဲဘာဝင်သွားမှန်းမသိလို့..ကူညီပါဦး "

အရေးကြီးနေသော်လည်း အကူအညီတောင်းသူကိုမငြင်းနိုင်စွာ အနားကပ်ကာကြည့်ပေးမိတော့မထင်မှတ်ထားသောလုပ်ရပ်တစ်ခုကို ထိုမိန်းမကလုပ်ချလိုက်သည်။ ထိုအရာကား ကွန်းခိုရာ၏မျက်နှာကိုဆွဲယူကာနမ်းလိုက်ခြင်းဖြစ်သည်။

!ခွမ်း....!

" မဆွေငယ်..ခင်ဗျားဘာလုပ်တာလဲဗျ "

လက်ထဲမီးအိမ်ကိုလွှတ်ချလိုက်မိပြီး ထိုအမျိုးသမီးနမ်းခဲ့သောနေရာကိုစက်ဆုပ်ရွံရှာစွာဖိသုတ်လိုက်သည်။ ပြန်မဖြေပဲ အနောက်သိူ့လှည့်ကာတစ်နေရာကိုစိုက်ကြည့်ပြီးခပ်ထေ့ထေ့ပြုံးနေသဖြင့် သူလိုက်ကြည့်မိတော့ဝုန်းခနဲပိတ်သွားသောပြတင်းပေါက်တစ်ချပ်ကိုမြင်လိုက်ရသည်။ ထိုအခန်းသည်လွဲစရာမရှိကိုကိုလေး၏အခန်းပင်ဖြစ်သည်။

အထင်လွဲသွားပြီဖြစ်ကြောင်းသိလိုက်ရသဖြင့်စိုးရိမ်စိတ်တို့ကငယ်ထိပ်ကိုဆောင့်တက်လာကာရှေ့တွင်ရပ်နေသော မဆွေငယ်ကိုပင်မမြင်နိုင်တော့ စံအိမ်ထဲသို့အလောတကြီးပြေးဝင်ပြီးအပေါ်ထပ်သို့အမြန်တက်လာခဲ့သည်။ ကိုကိုလေးအခန်းရှေ့ရောက်တော့တံခါးခေါက်လိုက်သည်နှင့်အခန်းထဲကလက်တစ်ဖက်ထွက်လာကာ သူ့ကိုဆွဲယူပြီးတံခါးရွက်ပေါ်သို့ဖိချလိုက်သဖြင့်ကျောအောင့်သွားရသည်။

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now