4.(Unicode)ပြန်လည်ဆုံတွေ့ခြင်း

1.8K 150 0
                                        

ဒီနေ့တော့ စောသဒ္ဒါမောင်တစ်ယောက်မနက်အ​စောကြီးထကာပြင်ဆင်နေသောကြောင့် အဖွားပင်အံသြနေလေသည်။ အခါတိုင်းစောသဒ္ဒါမောင်ဆိုသည်မှာ ဇီးကွက်လိုလူစားပင်ညနက်မှအိပ်၍မနက်ဆိုနောက်ကျမှထတတ်သည့်အကျင့်ရှိသည်လေ။ ယနေ့အစောကြီးထရသည့်အကြောင်းကတော့'မှိုင်း'groupတွင်အလုပ်လျှောက်ရန်ဖြစ်သည်။ထိုဥက္ကဋ္ဌဆိုသောအမျိုးသားသည် အချိန်နောက်ကျသည်ကိုမုန်းသည်ဟုကြားထားသောကြောင့်ဖြစ်သည်။

"အင်း..ဒီလောက်ဆိုသပ်သပ်ရပ်ဖြစ်ပါတယ်...ဘာပဲ​ဖြစ်ဖြစ်ငါကချောပြီးသား"

အဖြူစွတ်စွတ်ရှပ်အင်ကျီလေးကိုအောက်ကjean pantအပြာဖျော့လေးနဲ့တွဲဝတ်ထားပြီး လှိုင်းတွန့်လေးတွေပါသောသစ်အယ်သီးရောင်ဆံပင်လေးကိုတော့jelအနည်းငယ်လိမ်းပြီးအပေါ်သို့သပ်တင်လိုက်တော့ဆံတံခွန်ပါသောနာဖူးပြေပြေကထင်းခနဲ ဘယ်ဖက်ပါးမှပါးချိုင့်လေးကိုခွက်နေအောင်ပြုံးရင်းနောက်ဆုံးအကြိမ်မှန်ကြည့်ရင်း ကိုယ့်ကိုကိုယ်ဂုဏ်ဆာနေခြင်းပင်။

"မြေးရေမနက်စာစားလို့ရပြီနော်"

"ဟုတ်.ဖွားလာပြီဗျို့"

အောက်ထပ်မှအဖွားအသံကြားတော့ကုတင်ပေါ်တွင်အသင့်တင်ထားသော back pack အနက်လေးကိုဆွဲပီးအောက်ထပ်သို့ဆင်းခဲ့သည်။

"ဖွားမြေးလေးကဒီနေ့သန့်နေပါ့လား"

"ဟုတ်တယ်..ဖွားရဒီနေ့လည်းထပ်ပြီးအလုပ်သွားလျှောက်ဦးမလို့လေ"

စားနေရာမှခေါင်းလေးတစ်ငြိမ့်ငြိမ့်နှင့်မြေးဖြစ်သူပြောလာတော့ 'ဒေါ်ရွှေစည်' သက်ပြင်းချမိသည်။ မြေးလေးအသက်ရှစ်နှစ်အရွယ်တည်းကပင်သားဖြစ်သူနှင့်ချွးမဖြစ်သူတို့ဆုံးပါးသွားသဖြင့် သူမသာပြုစုစောင့်ရှောက်ထားသည်မို့သူမမျက်လုံးထဲတွင်တော့ မြေးကိုကလေးဟုသာမြင်မိသည်။
ယခင်ကမြေး​ဖွားနှစ်ယောက်သူမပိုင်ဆိုင်သောဆိုင်ခန်းအချို့မှရရှိသောငှားရမ်းငွေနှင့်သာလောက်အောက်သုံးခဲ့ရ​သည်။စောသဒ္ဒါမောင်ကျောင်း ပြီးတော့အဖွားကိုတစ်လှည့်လုပ်ကျွေးမည်ဟုဆိုကာ အလုပ်ရှာနေခြင်းပင်။

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now