30.(Unicode) လျှို့ဝှက်ချက်

1K 92 1
                                    

စောသဒ္ဒါမောင်နာကျင်နေသောခန္ဓာကိုယ်ကြောင့်လှုပ်ပင်မလှုပ်နိုင်။ မိုးလုံးမှိုင်းကသူ့ကိုသန့်ရှင်းရေးလုပ်ပေးပြီး ညဝတ်အကျီလဲပေးကာစောင်ခြုံပေးပြီးအခန်းထဲမှထွက်သွားသည်အထိ သူအိပ်မပျော်သေးပါ။ မိုးလုံးမှိုင်းအခန်းထဲကထွက်သွားကာမှစိတ်ကိုလုံးဝလုံးလျော့၍အိပ်ပျော်သွားတော့သည်။

မိုးလုံးမှိုင်း အောက်ထပ်ကိုဆင်း၍စောငယ်စားဖို့ဆန်ပြုတ်ပြုတ်ရန်ပြင်သည်။ စောငယ်ကနေမကောင်းသည့်အချိန်မျိုးတွင်ပုစွန်ဆန်ပြုတ်ကိုစားရတာသဘောကျသောကြောင့် ပုစွန်ဆန်ပြုတ်ပြုတ်သည်။ ပြီးနောက်မိသားစုဆရာဝန်ကိုဖုန်းဆက်ခေါ်လိုက်သည်။ ဆန်ပြုတ်ကျက်တော့ ဆေးကြောက်သောစောငယ်တစ်ယောက်ဆေးသောက်ပြီးလျင်မျက်နှာလေးပုပ်နေမည်ကိုမြင်ယောင်သောကြောင့် စတော်ဘယ်ရီဖျော်ရည်တစ်ခွက်ကိုဖျော်လိုက်သေးသည်။ ထို့နောက်စားစရာများကိုဗန်းတစ်ခုထဲထည့်ပြီးအပေါ်ထပ်သို့ယူလာလိုက်သည်။

သူအခန်းထဲရောက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောသူ့အချစ်လေးကိုတွေ့လိုက်တော့ ရင်တစ်ခုလုံးအေးသွားသလိုပင်။ လက်ထဲကဗန်းကို ကုတင်ဘေးကစားပွဲပေါ်သို့တင်လိုက်ပြီးကုတင်ပေါ်ကိုတင်ပါးလွှဲထိုင်ကာ နှုတ်ခမ်းလေးကိုအနည်းငယ်ဟ၍အိပ်ပျော်နေသူကိုတစ်စိမ့်စိမ့်ကြည့်မိတော့ ချစ်မြတ်နိုးမှုများကရင်ထဲသို့တစ်သိမ့်သိမ့်တိုးဝင်လာသည်။ သူ၏အနမ်းဒဏ်ကြောင့်အနည်းငယ်ပေါက်ပြဲ၍ဖူးယောင်နေသောနှုတ်ခမ်းလေးကိုမြင်တော့ ရင်ထဲသိပ်မကောင်းပေ။ သဝန်တိုစိတ်ဖြင့်သူအသိစိတ်လွတ်သွားသည်မဟုတ်ပါလား။ အနည်းငယ်ပွယောင်းယောင်းဖြစ်နေသောဆံပင်လေးကိုလက်ချောင်းထိပ်တို့ဖြင့် ခပ်ဖွဖွထိနေရင်း...

" နိုးလာရင် ကိုယ့်ကလေးလေးစိတ်ဆိုးတော့မှာကိုသိတယ် ကိုယ်ကကျေနပ်အောင်ချော့မှာမို့လို့ စောငယ်လေးအကြာကြီးစိတ်မကောက်ဖို့တော့မျှော်လင့်ရမှာပဲ.....ကိုယ်မင်းလေးကိုနာကျင်အောင်လုပ်မိလို့တောင်းပန်ပေမယ့် ကိုယ်နောင်တမရဘူး... မင်းက ကိုကို့အပိုင်ပဲဖြစ်ရမှာ အဲ့ဒါမင်းပေးခဲ့တဲ့ကတိပဲလေ"

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now