Flash back,
စောသဒ္ဒါမောင်ရုံးခန်းထဲပြန်ရောက်သည်နှင့် ကြောက်လန့်နေသောစိတ်ကိုငြိမ်သက်စေရန်ရေတစ်ခွက်ကိုသောက်ပြီး ဆိုဖာပေါ်တွင်ထိုင်ရင်းစိတ်ကိုဖြေလျော့နေသည်။
!တောင်!
ဖုန်းထဲကိုmessageဝင်လာလို့ကြည့်လိုက်တော့ ပို့လာသူက ကိုကိုး ဖြစ်နေသည်။
'အစ်ကိုလေး ကျွန်တော်တရားခံကိုရှာတွေ့ပြီ အရေးပေါ်ထွက်ပေါက်ကိုခဏလာခဲ့ပါ့လား...'
ဟုပို့လာသဖြင့် အရေးပေါ်ထွက်ပေါက်ဆီသို့သွားခဲ့သည်။ သူရောက်တော့ လူတစ်ယောက်မှရှိမနေသဖြင့်အခြားအရေးပေါ်ထွက်ပေါက်ကိုပြောတာဖြစ်မည်ဟုတွေးလျက် လှည့်ထွက်ရန်အပြုတွင် သူ့နောက်ကျောကိုလူတစ်ယောက်ကတွန်းလိုက်သဖြင့်လှေကားအောက်သိုတလိမ့်ခေါက်ကွေးပြုတ်ကျသွားရသည်။ သူသတိမမေ့ခင်နောက်ဆုံးမြင်လိုက်ရတာကတော့ တစ်ကိုယ်လုံးအနက်ရောင်များဝတ်ထားသောလူတစ်ယောက်၏ပုံရိပ်ဖြစ်သည်။
'ဘယ်သူလဲ....ကိုကိုးတော့မဖြစ်နိုင်ဘူး'
ဟူသောအတွေးသည် သူနောက်ဆုံးတွေးလိုက်သောအတွေးပင်ဖြစ်တော့သည်။
Flash back end,
စောသဒ္ဒါမောင်ပြောပြသောအကြောင်းအရာအဆုံးတွင် မိုးလုံးမှိုင်း၏မျက်နှာသည်တစ်ဖြည်းဖြည်းမည်းမှောင်လာသည်။
"ဟို..ဦးမှိုင်းဘာဖြစ်လို့လဲဟင်..တရားခံရှာတွေ့ပြီလား..ဟို..ကျွန်တော်ထင်တာကတော့ ကိုကိုးမဟုတ်ဘူးဗျ..."
"စောကဘာလို့ ကိုးမဟုတ်ကြောင်းသေချာနေရတာလဲ"
"ကျွန်တော်မြင်လိုက်တဲ့လူကမျက်နှာမှာ maskတပ်ထားပြီးဦးထုပ်ဆောင်းထားတယ်ဆိုပေမယ့်ခန္ဓာကိုယ်အချိုးအစားအရ ကိုကိုးမဟုတ်ဘူး ကိုကိုးကအရပ်ရှည်ပေမယ့်အဲ့ဒီ့လူကပုတယ်ဗျ ကျွန်တော်ထက်နည်းနည်းလေးပဲရှည်လောက်တယ် ပြီးတော့နည်းနည်းလည်းဝတယ်"
"အင်း..ကိုယ်မှတ်ထားပါ့မယ်..မင်းလည်းအများကြီးတွေးမနေနဲ့တော့..မင်းသတိမေ့နေတာနှစ်ရက်ရှိပြီဆိုတော့ဗိုက်ဆာနေမှာပေါ့...ခဏလေးစောင့်နော်ကိုယ်ဆန်ပြုတ်ပူပူလေးသွားဝယ်ခဲ့မယ်"
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Детектив / Триллер"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
