"ဘာပြောလိုက်တယ်မှိုင်းရွှေစက် လက်စွပ်ကိုရှာတွေ့ပြီဟုတ်လား"
(ဟုတ်တယ်ကိုကို လက်စွပ်ကစောမောင်ရဲ့အဖွားဆီမှာ စောမောင်ရဲ့မိဘတွေ accidence မဖြစ်ခင်တစ်ရက်အလိုကစောမောင်ရဲ့အဖွားဆီမှာအပ်ခဲ့တာတဲ့၊ ပြီးတော့အဲ့ဒီလက်စွပ်ကိုကံမကောင်းစေတဲ့ပစ္စည်းလို့လည်းပြောခဲ့တယ်တဲ့ စောမောင်ကိုလည်းဘယ်တော့မှဝတ်မပေးဖို့ပြောခဲ့တယ်တဲ့လေ)
"အင်း..ဟုတ်ပြီ..အဲ့ဒီလက်စွပ်ကိုဘယ်နည်းနဲ့ပဲရရမင်းရအောင်ယူလာခဲ့ရမယ်မှိုင်းရွှေစက် ငါတို့မှာအချိန်အများကြီးမရတော့ဘူး"
(ဟုတ်ကဲ့ပါကိုကို..ရွှေစက်လည်းအဲ့ဒီ့လက်စွပ်ကရှေးဟောင်းလက်စွပ်လို့ သုတေသနလုပ်နေတဲ့လူတစ်ယောက်ကလိုချင်ကြောင်း ဈေးကောင်းပေးပြီးကမ်းလှမ်းလာတယ်လို့ပြောထားတယ် မနက်ဖြန်လောက်ရွှေစက်လက်ထဲရောက်လာမှာပါ)
"လက်စွပ်ရတာနဲ့ချက်ချင်းပြန်လာခဲ့"
(ဟုတ်)
ဖုန်းကိုချပြီးသည်နှင့် လက်ကြားထဲတွင်ညှပ်ထားဆဲဖြစ်သောစီးကရက်က်ိုဖွာရှိုက်လိုက်သည်။
"ဦးမှိုင်း"
ခေါ်သံလေးကြား၍လှည့်ကြည့်လိုက်တော့ wheel chairလေးကိုသူ့ဘာသာတွန်းလာသောစောသဒ္ဒါမောင်ကိုတွေ့လိုက်ရသဖြင့် မိုးလုံးမှိုင်း၏မျက်ခုံးအစုံသည်အလိုမကျဟန်ဖြင့်တွန့်ချိုးလာသည်။
"စောကလည်းကွာ အပြင်ထွက်ချင်ရင်ကိုယ့်ကိုဖုန်းဆက်ခေါ်လိုက်လေ..မတော်တဆတစ်ခုခုဖြစ်သွားရင်ကိုယ်ပဲရင်ကျိုးရမှာ"
မိုးလုံးမှိုင်း၏အပြောကြောင့်စောသဒ္ဒါမောင့်မျက်နှာရဲခနဲဖြစ်သွားသည်။ဒီလူကြီးသည်သူ့ခံစားချက်များကိုစောသဒ္ဒါမောင့်ထံဝန်ခံပြီးနောက်အပြုအမူအပြောအဆိုများမှာပိုမိုရဲတင်းသည်။
Flash back,
စောသဒ္ဒါမောင်တစ်ယောက် ဆေးရုံးတက်ရတာနဲ့ ပတ်တီးတွေရေစိုမှာစိုးရတာနဲ့ရေမချိုးရတာတစ်ပတ်ကျော်နေပြီဖြစ်၍ လူကယားကျိကျိဖြစ်လာပြီးမိမိကိုယ်ကို bacteria
ဖြစ်သွားပြီဟုပင်ထင်နေရသည်။ ခေါင်းပေါက်သွား၍ချုပ်လိုက်ရသဖြင့် ယခင်ကအုပ်လုံးလုံးလေးဖြစ်နေသောဆံပင်များအစား ကတုံးစတက်ကေကနေရာယူထားသည်။ ခေါင်းလည်းအင်မတန်လျှော်ချင်နေသည်။ ဦးမှိုင်းလုံကိုအကူအညီတောင်းမည်ဟုတေးထားသော်လည်း ဦးမှိုင်းလုံမှာလွန်ခဲ့သောနှစ်ရက်ခန့်လောက်ကတည်းကမိမိဆီသို့ရောက်မလာ။ ဦးမိုးလုံးမှိုင်းကို ခိုင်းဖို့ကျလည်းအားနာသည်။ မိမိကိုယ်တိုင်လည်းခြေထောက်လည်းကျိုး လက်ကလည်းအရိုးအက် ဒါ့ပြင့်ခေါင်းကပါပေါက်နေသေးသဖြင့်ဘယ်လိုမှအဆင်မပြေ။ကြံရာမရဖြစ်နေတုန်း နေ့လည်စာလာပို့သောကောင်လေးရောက်လာသဖြင့်...
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Mystery / Thriller"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
