Time skip,
ညနေရုံးဆင်းချိန်ဖြစ်၍ စောသဒ္ဒါမောင်သည်မိုးလုံးမှိုင်း နှင့်အတူအိမ်ပြန်ခဲ့ကြသည်။ အိမ်ပြန်လမ်းတစ်လျှောက်တွင် စကားလုံးဝမပြောဘဲတိတ်ဆိတ်နေသေးမိုးလုံးမှိုင်းကြောင့် စောသဒ္ဒါမောင်နေရခက်လာသည်။
'သူစိတ်ဆိုးနေတာလား၊ ငါလည်းဘာမှမလုပ်မိပါဘူး၊ ဘာတွေများတွေးနေလို့ အဲ့လောက်တောင်မှိုင်နေရတာလဲ'
ကားအပြင်ဖက်ကိုသာကားငေးကြည့်နေသော မိုးလုံးမှိုင်းသည်အနည်းငယ်ထူးဆန်းနေသည်။ မျက်ခုံးမွှေးများစိမ်းညို့နေသော မျက်မှောင်နှစ်ခုကိုကြုံ့ထားကာ အသည်းအသန်စဥ်းစားနေသည်။ ထားလိုက်ပါတော့လေ သူ့ဘာသာ ဘာပဲစဥ်းစားစဥ်းစားပေါ့ ကိုယ်နဲ့မဆိုင်ရင်အနေသာကြီ။
"ကျွီ"
အိမ်သို့ရောက်တော့ စောသဒ္ဒါမောင်ကားပေါ်မှအလျင်အမြန်ဆင်းသည်။ မိုးလုံးမှိုင်းကတော့ ဒရိုက်ဘာတံခါးဖွင့်ပေးကာမှ ဆင်းလာလေသည်။
'လူချမ်းသာတွေများဇိမ်ခံတတ်တယ် ဒီတံခါးလေးကိုယ့်ဟာကိုဖွင့်တော့နူသွားမှာကျနေတာပဲ '
အတွေးလေးနဲ့မိုးလုံးမှိုင်းအိမ်ထဲအရင်ဝင်တာကိုစောင့်အြီးမှ အနောက်ကလိုက်ဝင်လာသည်။
"ဒုတ်"
"အ"
ဧည့်ခန်းရှေ့ရောက်တော့ရုတ်တရက်ရပ်လိုက်သောသူကြောင့် စောသဒ္ဒါမောင်၏နှာခေါင်း ကရှေ့မှမိုးလုံးမှိုင်း၏ကျောပြင်ကျယ်ကြီးနှင့်ဝင်တိုက်မိသည်။ ပူထူသွားသောနှခေါင်းကိုကိုင်ပြီး ရန်တွေ့ရန်ပြင်လိုက်တော့ မြင်လိုက်ရသောမြင်ကွင်းကြောင့် မျက်လုံးပြူးသွားသည်။
ဧည့်ခန်ထဲတွင် အသက်ရှစ်ဆယ်ခန့်ရှိပြီဖြစ်နိုင်သော အမျိုးသမီးကြီးက ဝှီးချဲပေါ်တွင်ထိုင်နေသည်။ သူမဘေးကဆိုဖာပေါ်တွင် ခေတ်ဆန်ပြီးလှပသော မိန်းကလေးတစ်ယောက်က ခြေချိတ်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။ ထိုအမျိုးသမီးကြီး၏အနောက် ညာဖက်တွင် အသက်သုံးဆယ်ခန့်အရွယ်ထောင်ထောင်မောင်းမောင်းလူတစ်ဦးရပ်နေသည်။ ဘယ်ဖက်တွင်တော့ အသက်လေးဆယ်ခန့်အမျိုးသမီးတစ်ဦးရပ်နေပြန်သည်။ ထူးခြားချက်မှာထိုအမျိုးသမီး၏ နာဖူးတွင်အမာရွတ်ကြီးတစ်ခုရှိနေခြင်းပင်။ သူ့တို့ရှေ့တွင်တော့ ဦးမှိုင်းလုံကဒူးထောက်ထိုင်နေပြီး ထိုမြင်ကွင်းကိုတော့ သူတို့ကရပ်ကြည့်နေရသည်။
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Misterio / Suspenso"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
