32.(Unicode)Past Life (2)

785 73 0
                                    

1968.7.15,

ဒီနေ့ နေသာတယ်
သခင်လေးစန္ဒယားတီးတာကိုသွားချောင်းကြည့်တယ်။
သိပ်တော်တဲ့သခင်လေးပါပဲ အရမ်းနားထောင်လို့ကောင်းတယ်။
ပြီတော့ ဒီနေ့ကသခင်လေးကိုမြင်မြင်ချင်းချစ်ခဲ့တာ တစ်လပြည့်တဲ့နေ့။
..............................

ကွန်းခိုရာ ဒိုင်ယာရီစာအုပ်လေးကိုပိတ်ပြီးသက်ပြင်းချမိသည်။ ထိုနေ့က သူသခင်လေးကိုစံအိမ်ထဲခေါ်လာပြီးမှသိခဲ့ရတာက သခင်လေးက ဒဏ္ဍာရီမှိုင်း စံအိမ်ကြီးရဲ့ဒတိယသခင်လေးဆိုတာပါပဲ။ သူ့ရဲ့ပထမဆုံးအချစ်လေး​သည် မစတင်ကပင်ပြီးဆုံးသွားလေပြီ။ သခင်လေးမှိုင်းသုရှင်ကို သခင်မလေးမှိုင်းဧကရီနှင့် ရည်ရွယ်ထားကြသည်ကိုစံအိမ်တစ်ခုလုံးကလေးမှစခွေးအဆုံးမသိသူမရှိ။ သခင်မလေးသည်လည်းသခင်လေးအပေါ်သို့မဆွတ်ခင်ညွှတ်နေပြီးသားဆိုတာ အကုန်လုံးကသိကြသည်။

သူ့အနေနဲ့ကတော့ အစကတည်းကမဖြစ်နိုင်မှန်းသိပြီးသားမို့ ဝေးဝေးကခိုးကြည့်ရုံမှအပတတ်နိုင်တာမရှိပေ။ သူနှင့်သခင်လေးသည်အဆင့်အတန်းချင်းအလွန်ကွာသည့်အပြင် နှစ်ယောက်စလုံးကလည်းမျိုးတူယောကျာ်းသားများဖြစ်ကြသည်မလား။ သခင်လေးမျက်နှာမြင်ရရုံနှင့်ပင်အနေအထိုင်မတတ်သော သူ့နှလုံးသားကြောင့် မဖြစ်သင့်တာများမဖြစ်ရလေအောင် အကွာအဝေးတစ်ခုထား၍ငေးကြည့်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။

ကွန်းခိုရာအတွေးယာဥ်ထဲနစ်မြောနေခိုက် သူ့အခန်းနှင့်နီးကပ်လာသောခြေသံကြောင့်ဘ ဘကြီးပြန်လာပြီဆိုတာကိုသိလိုက်ရသဖြင့် ရေနံဆီမီးအိမ်လေးကိုဆွဲကိုင်ကာ အခန်းအပြင်သို့ထွက်လာခဲ့သည်။ အပြင်ရောက်တော့ အနည်းငယ်ပင်ပန်းနေပုံရသောဦးစောကြည်ဖြူကိုတွေ့လိုက်သည်နှင့်....

" ဘဘကြီး ပြန်လာပြီလား...ဒီနေ့နောက်ကျတယ်နော် ညစာမစားရသေးဘူးမလား သားပြင်လိုက်မယ်နော်"

" အေးအေး ပြင်ထားလိုက်တော့
..ဘဘကြီးခြေထောက်လက်ထောက်ဆေးပြီးလာစားမယ်.. ပြီးတော့သားကိုလည်းပြောစရာရှိသေးတယ် ထမင်းစားရင်းနဲ့ပဲပြောတော့မယ်ကွယ် "

" ဟုတ်ကဲ့ပါ ဘဘကြီးရဲ့... "

ဦးစောကြည်ဖြူ သူ့အခန်းထဲဝင်ပြီး အဝတ်အစားအချို့ယူကာ အိမ်ရဲ့အနောက်
ဖက်ရှိရေချိုးခန်းလေးဆီသိုထွက်သွားသည်။
ကွန်းခိုရာတို့နေသောအိမ်သည် စံအိမ်ကြီးနှင့်နည်းနည်းလှမ်းသောနေရာတွင်ဆောက်ထားသော လုံးချင်းအိမ်လေးဖြစ်သည်။ အနည်းငယ်သေးသော်လည်း သူတို့သားအဖနှစ်ယောက်နေရန်အတွက်တော့အသင့်အတင့်ပင်ဖြစ်သည်။ ဦးစောကြည်ဖြူကစံအိမ်ကြီးရဲ့အိမ်တော်ထိန်းရာထူးကိုတာဝန်ယူထားရသူမို့ အခြားအစေခံတွေလိုမျိုးအစေခံတန်းလျားတွင်နေရန်မလိုပေ။

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now