စောသဒ်ဒါမောငျသညျ စားသောက်ဆိုင်မှအရူးတစ်ယောက်လိုပင်ပြေးထွက်လာခဲ့သည်။ ရောက်ရာပေါက်ရာသို့ဉီးတည်ရာမရှိသူပြေးနေမိသည်။ သူ့နှလုံးကတော့လတ်လတ်ဆတ်ဆတ်ဒဏ်ရာကြောင့်တစ်စစ်စစ်ကိုက်ခဲလျက်။ သူမသိခဲ့ပေ သူကတစ်ချိန်လုံးအခြားလူတစ်ယောက်၏အရိပ်အဖြစ်အသုံးချခံနေရမှန်း။ တစ်ကယ်တော့သူကိုယ်တိုင်ကတုံးအတာပါ မိုးလုံးမှိုင်းနှင့်စတွေကတည်းကထိုလူ၏သူ့အပေါ်ဆက်ဆံပုံများကထူးခြားခဲ့သည်ပင်။ ဟိုးအရင်ကတည်းကသိကျွမ်းခဲ့သူလိုဆက်ဆံခဲ့သည်လေ။
တစ်ဖက်လူ၏အကျင့်ပင်ဖြစ်လိမ့်မည်ဟုတွေးခဲ့၍ ရှည်ရှည်ဝေးဝေးမစဉ်းစားခဲ့။ သူဆိုတဲ့လူကမေ့လွယ်ပျောက်လွယ်သောအကျင့်ရှိသည်ကိုး ။ အခုတော့ဟိုလူကဖြင့်သူ့ညီမနှင့်ပင်ပူးပေါင်း၍နှစ်နှင့်ချီပြီးသူ့ကိုအရူးခဲ့သည်။ သူ့နှလုံးသားလေးကတော့အမှန်တရားများကြောင့်ခါးသက်နေခဲ့သည်။
သူရောက်ရာပေါက်ရာရှောက်သွားနေလိုက်တာသူအသိဝင်တော့ သူနေသောနေရာနှင့်
ရာတော်တော်ဝေးဝေးနေရာသို့ရောက်နေလေပြီဖြစ်သည်။ ထမင်းချိုင့်ပို့ပြီးအပြန်ကျရင်မိုးလုံးမှိုင်းနှင့်အတူတူပြန်မည်ဟုရည်ရွယ်ခဲ့သောကြောင့်ပိုက်ဆံအိတ်လည်းပါမလာခဲ့ပေ။ ဖုန်းတော့ပါလာသော်လည်းဒီမြို့ပေါ်တွင် မှိုင်းမျိုးနွယ်များနှင့်ပတ်သက်ရာပတ်သက်ကြောင်းများမှလွဲ၍အခြားအသိမရှိ ထိုလူများကိုလည်းအခုချိန်မှာမမြင်ချင်မတွေ့ချင်သဖြင့် အနီးတွင်တွေ့သောပလက်ဖောင်းပေါ်တွင်သာထိုင်လိုက်၍ ဖွတျသနျးသှားသောလူမြားကားမြားနှငျ့အခွားယာဥျမြားကိုသာအဓိပ်ပါယျမဲ့ငေးကွညျ့နမေိသညျ။ သူမသိသည်ကတော့ ခပ်လှမ်းလှမ်းက ကားပေါ်တွင်သူ့ကိုစောင့်ရှောက်နေသောလူရှိသည်ကိုပင်။ထိုကားသည်သူစားသောက်ဆိုင်ကပြေးထွက်လာကတည်းကအနောက်မှလိုက်ပါစောင့်ရှောက်နေခြင်းဖြစ်သည်။ ထိုစဥကားပေါ်မှလူကဖုန်းကိုထုတ်၍ နံပါတ်အချို့ကိုနှိပ်ပြီးအခြားလူကိုဆက်သွယ်ခဲ့သည်။ ဖုန်းဝင်သွားတော့တစ်ဖက်လူအားအလွန်ရိုကျိုးသောလေသံဖြင့်..
" သခင်လေးခင်ဗျ အစ်ကိုလေးကလမ်းဘေးကတစ်နေရာမှာထိုင်နေပါတယ် ကျွန်တော်ဘာဆက်လုပ်ရမလဲခင်ဗျ "
![](https://img.wattpad.com/cover/270661925-288-k805798.jpg)
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Mystery / Thriller"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...