23.(Unicode) ငါ့အတွက်စောငယ်လောက်အဖိုးတန်တာဘာမှမရှိဘူး

951 87 0
                                    

At 'မှိုင်း'group building,

မိုးမျှော်အဆောက်အဦး၏အပေါ်ဆုံးထပ်တွင် မိုးလုံးမှိုင်းတစ်ယောက်မည်းမှောင်နေသောအမူအရာနှင့်တစ်စုံတစ်ခုကိုအပြင်းအထန်စဥ်းစားနေသည်။ သူအခုလေးတင်ဦးမှိုင်းလုံဆီမှတင်ပြချက်ကိုရရှိခဲ့သည်က ဒေါ်မှိုင်းဧကရီကစောသဒ္ဒါမောင်နှင့်သီးသန့်တွေ့ဆုံခဲ့သည်တဲ့။ ဒီရက်ပိုင်းမှာ စောသဒ္ဒါမောင်တစ်ယောက်ကြည်နူးမေနှင့်ရင်းနှီးနေကြောင်းသိသော်လည်း စောစိတ်ချမ်းသာပါစေဆိုပြီးလွှတ်ထားသမျှက အကျိုးဆက်ကတစ်ဖက်လူထံကိုကြားဝင်ရန်အခွင့်အရေးပေးသလိုဖြစ်သွားရသည်။

" ကိုး "

"အမိန့်ရှိပါသခင်လေး "

"မှိုင်းရွှေစက် 'Y 'မြို့ကိုရောက်လာပြီလား "

" ဟုတ်ကဲ့ ရောက်ပါပြီသခင်လေး သခင်မလေးကို ' မှိုင်း 'group ပိုင်အဆင့်မြင့်ကွန်ဒိုမှာနေရာချထားပေးပါပြီ သခင်မလေးကခရီးပန်းလာလို့မနက်ဖြန်မှလာတွေ့မယ်လို့ပြောခိုင်းလိုက်ပါတယ် သခင်လေး "

"အင်း... ဘွားတော်တို့ဖက်ကစပြီးလှုပ်ရှားလာပြီ ဦးဝဏ္ဏကိစ္စကနဲ့သူတို့ကိုသတိပေးထားတာမို့လို့ပေါ်တင်တော့လှုပ်ရှားရဲမှာမဟုတ်ဘူး ပြီးတော့...သူစောကိုဘာတွေသွေးထိုးလိုက်သလဲမသိနိုင်တာမို့  အစစအရာရာပြင်ဆင်ထား "

"အမိန့်အတိုင်းပါသခင်လေး "

ကိုး ရုံးခန်းထဲကထွက်သွားမှ စားပွဲပေါ်တင်ထားသောဆေးလိပ်ဗူးထဲမှစီးကရက်တစ်လိပ်ကိုဆွဲထုတ်လိုက်ပြီး နှုတ်ခမ်းတွင်တေ့၍မီးညှိလိုက်သည်။ ထို့နောက်စီးကရက်ငွေ့တွေကိုရှိုက်ထုတ်လိုက်ရင်းကမိုးလုံးမှိုင်း၏မျက်လုံးတို့က သွေးဆာသလိုစူးရဲလာသည်။

'ဒေါ်မှိုင်းဧကရီ ခင်ဗျားဖက်ကစပြီးစည်းကျော်လာတာနော် နောက်မှရက်စက်တယ်ဆိုပြီးကျုပ်ကိုအပြစ်မတင်နဲ့ အရာအားလုံးကခင်ဗျားတောင်းဆိုတာပဲ '

...............................................................

စောသဒ္ဒါမောင်တစ်နေကုန်စိတ်နှင့်လူနှင့်မကပ်ပေ။ သူခေါင်းထဲတွင်ဒေါ်မှိုင်းဧကရီနှင့်ကြည်နူးမေတို့ပြောစကားများကိုသာနားထဲကားယောင်နေသည်။ သူ့အနေနှင့်မိုးလုံးမှိုင်းကိုချစ်မိနေပြီဖြစ်သည်။ အခုမှမဟုတ်စတွေ့ကတည်းကမိုးလုံးမှိုင်း၏ပုံရိပ်ကသူ့စိတ်ထဲတွင်နေရာယူခဲ့သော်လည်း သူ့တွင်ရွှေစက်ရှိပြေီဖြစ်သောကြောင့်ကတစ်ကြောင်း မဖြစ်သင့်ထင်သောကြောင့်ကတစ်ကြောင်းစသည်ဖြင့်သူ့စိတ်ကိုသူစည်းအထပ်ထပ်တားထားခဲ့သည်။ သို့သော်ထိုစည်းကိုမိုးလုံးမှိုင်းဖက်မှတစ်စထက်တစ်စဖျက်ဆီးလာသည့်အပြင် သူ့ဝိဉာဥ်ကိုပါသိမ်းယူသွားပြီဖြစ်သည်။ သူရှက်နေ၍သာမိုးလုံးမှိုင်းကိုဝန်မခံခဲ့ခြင်းဖြစ်သည်။

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now