21.(Unicode) Forget me not

1K 88 4
                                    

The next day,

စောသဒ္ဒါမောင် မနေ့ကမိုးလုံးမှိုင်းရဲ့ခွင့်ပြုချက်ဖြင့် ဒီနေ့ခြံထဲဆင်းခွင့်ရခဲ့သည်။ အမှန်ကခြံထဲဆင်းချင်နေတာကြာနေပြီဖြစ်သည်။ အလုပ်မအားတာကြောင့်မဆင်းဖြစ် အလုပ်မလုပ်ရပြန်တော့လည်း ဒဏ်ရာရနေသောခြေထောက်ကြောင့် မဆင်းနိုင် ဒီနေ့တော့ မနက်ထဲကဦးမှိုင်းပွေ့ပြီးအောက်ထပ်သို့ချပေးခဲ့သည်။ ဦးမှိုင်းလုံကစောင့်နေပေးမည်ပြောသော်လည်း မိမိထက်အသက်ကြီးသူကိုစောင့်မနေစေချင်သောကြောင့် အဆင်ပြေကြောင်းပြောပြီး wheel ကိုကိုယ့်ဘာသာတွန်း၍ခြံထဲဆင်းခဲ့သည်။ စောသဒ္ဒါမောင်ငယ်ငယ်လေးတည်းကပန်းအရမ်းကြိုက်သည်။ မည်သည့်ပန်းမဆိုစောသဒ္ဒါမောင်မြတ်နိုးသည်။ ဦးမိုးလုံးမှိုင်းတို့ခြံထဲတွင်ပန်းမျိုးတော်တော်များများကိုစိုက်ပျိုးထားသဖြင့် စောသဒ္ဒါမောင်အတွက်တော့ နတ်ပြည်ရောက်နေသလိုပင်။ နေကြာပန်းရိုင်းတွေကို ခြံလေးခတ်ပြီးစိုက်ထားသောပန်းခင်းလေးကို ငေးကြည့်နေစဥ်...

'' ပန်းတွေကိုကြိုက်တာလား...''

လှည့်ကြည့်လိုက်တော့ ဦးမိုးလုံးမှိုင်း၏သတို့သမီးလောင်း ကြည်နူးမေဖြစ်နေသည်။

''ဟုတ်..ကြိုက်တယ်ဗျ''

'' အဟင်းတစ်ကယ်တူတာပဲ "

"ဗျာ..ဘာကိုတူတာလဲဟင် "

"တစ်စုံတစ်ယောက်နဲ့ပေါ့...သူကလည်းပန်းတွေဆိုအရမ်းကြိုက်တာ ဒီပန်းခင်းတွေကလည်း သူ့အတွက်ကိုကိုကိုယ်တိုင်စိုက်ပေးထားတာလေ ''

''ဪ..အဲ့ဒီလူကတော်တော်ကံကောင်းတာပဲ ဘယ်သူလဲဆိုတာမမလေးသိလားဟင် ''

စောသဒ္ဒါမောင် သိချင်စိတ်လေးနှင့်မေးလိုက်တော့ ကြည်နူးမေမျက်နှာကွပ်ခနဲပျက်သွားပြီး...

''sorry ပါကိုစောသဒ္ဒါမောင် အာ ကိုကိုခေါ်သလို ကိုစောလို့ပဲခေါ်မယ်နော်ရတယ်မလား ''

''ဟုတ် ရပါတယ်မမလေး ''

''အမှန်တော့သူ့အကြောင်းကို ဒီစံအိမ်မှာပြောခွင့်မရှိဘူး ဒီနေ့ဒီအကြောင်းကိုမေမပြောခဲ့ဘူးလို့ယူဆလိုက်နော် ပြီးတော့ဒီအိမ်ကဘယ်သူ့ကိုမှပြန်မမေးနဲ့နော် ''

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now