12.(Unicode)လမ်းခွဲခြင်း

1.2K 105 0
                                    

"မဂ်လာပါဖွား.. သမီးက​စောမောင်ရဲ့သူငယ်ချင်းပါ...မှိုင်းရွှေစက်လို့ခေါ်ပါတယ်ရှင့်"

"ဟုတ်လား သမီးအိမ်ထဲဝင်ထိုင်ဦးလေ..."

"ဟုတ်ကဲ့"

"သမီးတို့သူငယ်ချင်းကဒီမှာမရှိဘူးကွဲ့'Y'မြို့ကိုအလုပ်သွားလုပ်တယ်လေ...."

"ဟုတ်ဖွားစောမောင်ကသမီးတို့ကိုပြောပြထားပါတယ် ..သူကဖွားကိုစိုးရိမ်နေတာ... ပြီးတော့ဒါလေးတွေကိုလည်းလူကြုံပေးလိုက်လို့ပါ"

မှိုင်းရွှေစက် အစ်ကိုဖြစ်သူဖုန်းဆက်ပြောသော အမိန့်အရ စောသဒ္ဒါမောင်၏အဖွားကို အနီးကပ်စုံစမ်းရန်ရောက်လာခြင်းဖြစ်သည်။ မိုးလုံးမှိုင်း၏လူယုံနှင့်အတူထည့်ပေးလိုက်သော လူကြီးများအတွက်အထူးဖော်စပ်ထားသောတိုင်းရင်းအားဖြည့်ဆေးကိုပါယူလာခဲ့သည်။ ပထမဆုံးတွေ့ဆုံခြင်းမှာအမြင်ကောင်းရရန်အရေးကြီးသည် မဟုတ်လား။

" ဟုတ်လား အဲ့ကောင်လေးကအဲ့လိုပဲ စိုးရိမ်စိတ်သိပ်ကြီးတာသမီးရယ်....သမီးဘာသောက်မလဲ လူကြီးနေတဲ့အိမ်ဆိုတော့ အအေးတွေဘာတွေတော့မရှိဘူးကော်ဖီနဲ့လက်ဖက်ရည်ပဲရှိတယ်"

"နေပါစေဖွား ရွှေစက်မသောက်တော့ပါဘူး..ဪဒါနဲ့ စောမောင်ပြောတော့ဖွားမှာ special nurseရှိတယ်ဆိုမမြင်ပါလား"

"ဟုတ်တယ်သမီးရဲ့ သူကအစောနကမှပြန်သွားတာ အခုကမနက်ရှစ်နာရီဆိုတော့ ဆယ်နာရီလောက်မှပြန်လာလိမ့်မယ်"

"အဲ့ဒါဆိုဖွားအိမ်မှာတစ်ယောက်တည်းပေါ့"

"အေးပေါ့ကွယ် သူ့ခမျာလည်းညပါအိပ်ပေးပြီး မနက်စာပြင်ပေးပြီးမှ သူ့အိမ်ပြန်တာပါကွယ်"

"ဪ"

"အမှန်တော့ရွှေစက်က စောမောင်ရဲ့ချစ်သူပါဖွား..ဟိုရွှေစက်ကဖွားသဘောမတူမှာကြောက်လို့သူငယ်ချင်းလို့လိမ်ပြောမိတာပါဖွား...ရွှေစက်ကိုခွင့်လွှတ်ပေးပါ"

"သမီးလေးကဒီလောက်လှပြီးယဥ်ကျေးတာဖွားကဘာလို့သဘောမတူရမှာလဲကွယ်"

​မှိုင်းရွှေစက်မျက်နှာလေးငယ်ပြီးမျက်ရည်ဝဲနေသောမျက်လုံးကလေးနှင့် ဒေါ်ရွှေစည်ကိုမော့ကြည့်ကာ.....

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now