မိုးလုံးမှိုင်းသည် သူပြောထားသည့်အတိုင်းပင် ဒီရက်တွေထဲတွင်သူ့ကိုအတော်အလိုလိုက်ပါသည်။ မနက်မိုးလင်းပြီဆိုတာနဲ့ အခန်းထဲရောက်လာပြီးမျက်နှာသစ်ပေးသည် သွားပါတိုက်ပေးသဖြင့်စောသဒ္ဒါမောင် မနေတတ်၍ငြင်းသော်လည်း သူ့အလိုတိုင်းသာဖြစ်ခဲ့သည်။ ထမင်းစားချိန်ရောက်လျင်လည်း ဒဏ်ရာရနေသောညာလက်ကိုအကြောင်းပြ၍ခွံ့ကျွေးသည်။ နေ့လည်နေ့ခင်းသူပျင်းလျှင် အဆာပြေမုန့်တွေဝယ်ပေးတတ်သေးသည်။ စောသဒ္ဒါမောင်အကြိုက်တွေကိုလည်းအကုန်သိနေတတ်သေးသည်။"ဦးမှိုင်းက ကျွန်တော်ဘာကြိုက်တတ်လဲဆိုတာဘယ်လိုလုပ်သိမှာလဲ"
ဟုခပ်ရွဲ့ရွဲ့ပြောလိုက်ရင်ပြုံးပြပြီး...
"ကိုယ်ကဘယ်လိုလုပ်မသိပဲနေမှာလဲစောကြိုက်တာမှန်သမျှကိုယ်အကုန်သိတာပေါ့ ကိုယ်ပြောပြမယ်လေ စောကမှန်မမှန်တိုက်ကြည့်ပေါ့"
"အင်း..ပြောကြည့် အကုန်မမှန်ရင် ဦးမှိုင်းကကျွန်တော့်ကိုမုန့်ဝယ်ကျွေးရမယ်နော်"
"ကိုယ်ပြောတာအကုန်မှန်မယ်ဆိုရင်ရော..စောကကိုယ့်ကိုဆုချမှာလား"
စောသဒ္ဒါမောင်ကတော့ ဆယ်နှစ်ကျော်အတူနေလာသောအဖွားဖြစ်သူတောင်အကုန်မသိသောမိမိအကြိုက်ကိုတွေ့တာနှစ်လမပြည့်သေးသောထိုလူကမသိနိုင်ဟုသော ယုံကြည်ချက်ကြီးဖြင့်...
"သေချာတာပေါ့..ဟဲဟဲ..ဦးမှိုင်းမုန့်ဝယ်ကျွေးဖို့သာပြင်ထား"
"ဟုတ်ပါပြီဗျာ.ကဲ..စပြီနားထောင်နော်..စောကစတော်ဘယ်ရီသီးကြိုက်တယ် ဒါပေမယ့်စတော်ဘယ်ရီ flavorမုန့်တွေကိုမကြိုက်ဘူး၊ ဖရဲသီးအရမ်းကြိုက်ပေမယ့်အများကြီးစားလို့မရဘူး နှာစေးတတ်တယ်၊ ရေခဲမုန့်ဆိုရင် cheese အရသာကိုမှ chocolate chip တွေအများကြီးဖြူးစားရတာကြိုက်တယ်၊ နာနတ်သီးဆိုချဥ်လို့မစားပေမယ့် hawaii piza ဆိုအသေရရအရှင်ရရစားတယ်၊ ကြက်သားဆို ဘယ်လိုလုပ်လုပ်စားပေမယ့် ကြက်ခြေထောက်မစားဘူး ဘာလို့လဲဆိုတော့ကြက်ကဖိနပ်မစီးလို့....ခွီး....."
နောက်ဆုံးနားရောက်တော့စပ်ဖြဲဖြဲ
မျက်နှာပေးနှင့်ထရယ်တော့ စောသဒ္ဒါမောင်ရှက်ရမ်းရမ်းတော့သည်။

YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Misterio / Suspenso"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...