The Next day,
အချိန်ကားမနက် ရှစ်နာရီခန့်ဖြစ်၍ မိုးလုံးမှိုင်းနှင့်စောသဒ္ဒါမောင်သည် ထမင်းစားခန်းထဲတွင်မနက်စာအတူစားနေကြသည်။ မိုးလုံးမှိုင်းသည် ဂဏန်းသားဆန်းဒဝှစ်ကိုဟန်းစတားကောင်လေးကဲ့သို့ပါးလေးများဖောင်းကားနေအောင်စားနေသောမိမိရှေ့မှ အကောင်ပေါက်လေးကိုကြည့်ကာ တိတ်တခိုးမြတ်နိုးရပြန်သည်။ သူကတော့ သကြားခဲနှစ်ခဲသာထည့်ထားသော black coffee ကိုသာ အရသာခံသောက်၍ မိမိရှေ့မှဖြစ်တည်မှုလေးကိုသာ တစ်စိမ့်စိမ့်ထိုင်ကြည့်နေလေသည်။ ထိုစဥ်...
"မိုးလုံးမှိုင်း.. ငနာကောင်.. မင်းထွက်လာခဲ့စမ်း..."
အသံနှင့်အတူရောက်လာသည်ကတော့ စိုင်းသုသျှန်ပင်ဖြစ်သည်။ သူ့ပုံစံမှာ မနေ့ကအဝတ်အစားများပင်မလဲရသေး ။ မျက်လုံးများနီရဲနေကာ အိပ်ရသေးဟန်မတူ။ ခေါင်းမွှေးစုတ်ဖွားနှင့်ဖြစ်သည်။ သူ့လက်ထဲမှ ကတ်ထူပုံးကိုမိုးလုံးမှိုင်းရှေ့ပစ်ချပြီးနောက်....
"မင်း..ဒီကိစ္စကိုရှင်းစမ်း ဒါမင်းလက်ချက်မဟုတ်လား ဟမ်..ဟေ့ကောင် ငါမေးနေတယ်လေ"
စိုင်းသုသျှန်အသံမှာ ငိုချတော့မလိုပင်ဖြစ်နေသော်လည်း မိုးလုံးမှိုင်းကတော့ coffeeသောက်မပျက်ပေ။ မသိလျှင်သူ့ကိုပြောနေတာမဟုတ်သလိုပေ။ စောသဒ္ဒါမောင် ခမျာတော့ စားပွဲပေါ်တွင်ရှိနေသောနွားနို့ ခွက်လေးကို ကုပ်ချောင်းချောင်းအမူအရာဖြင့်ယူကာ အခြေအနေကိုအကဲခတ်နေလသည်။
ကိုစိုင်းသုသျှန်တစ်ယောက်ဘာဖြစ်လာလဲမသိ မနေ့ကရုံးဆင်းခါနီးတုန်းကတောင် သူ့ကောင်မလေးနှင့်ချိန်းထားသည်ဟုဆိုကာ လေလေးတချွန်ချွန်နှင့်အပီအပြင်သနေသေး
သည်မဟုတ်ပါလား။ မနေ့ကတက်ကြွကာအူမြူးသောလူမှာ အခုတော့သူမဟုတ်သလိုပင်။သိချင်စိတ်ကိုမထိန်းနိုင်ကာ......
"ဟို.......အစ်ကိုဘာပြဿနာဖြစ်လို့လဲဟင်"
"ဒါကလူကြီးတွေကိစ္စ ..ပိစိသိစရာမလိုဘူး"
"......"
သေလိုက်လေ ခင်ဗျားကမှပိစိ ခင်ဗျားကို့တစ်အိမ်လုံးကမှပိစိ ။ ဟွန့် ဘာဖြစ်လာလဲမသိပေမယ့်ခံရတာတောင်နည်းသေးတယ်။
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Mistério / Suspense"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
