ကားမူးတတ်သောကြောင့်စောသဒ္ဒါမောင်တစ်လမ်းလုံးအိပ်လျက် လိုက်ပါလာပြီးဦးမိုးလုံးမှိုင်းနှိုးမှသာ Y မြို့တော်သို့ရောက် ရှိကြောင်းသိရသည်။" စော ထတော့ကိုယ့်အိမ်ရောက်ပြီ"
စောသဒ္ဒါမောင်ကတော့ခရီးပန်းတာကတစ်ကြောင်း အိပ်ချင်မူးတူးဖြစ်နေတာကတစ်ကြောင်းဖြစ်နေသဖြင့် မိုးလုံးမှိုင်း၏အခေါ်အဝေါ်ပြောင်းမှုကိုသတိမထားမိပေ။ ခပ်ဝါးဝါးဖြစ်နေသောမျက်လုံးများကိုပွတ်သပ်ပြီးကားပေါ်ကဆင်းမှမြင်လိုက်ရသောမြင်ကွင်းကြောင့်မျက်လုံးများပင်ပြူးကျယ်သွားရသည်။ သူရပ်နေသောနေရာမှ နန်းတော်တမျှကြီးကျယ်ခမ်းနားသောအိမ်ကြီး၏အဝင် ဆင်ဝင်နေရာတွင်ရပ်နေခြင်းဖြစ်သည်။ အိမ်အဝင်ဝတွင်တော့ အယောက်နှစ်ဆယ်လောက်ရှိမည်ထင်သော အလုပ်သမားတို့သည် တူညီဝတ်စုံများဝတ်ဆင်ကာတံခါးတစ်ဖက်တစ်ချက်တွင်စောင့်ကြိုနေကြသည်။ ဦးမိုးလုံးမှိုင်းအိမ်ထဲသို့ဝင်မှ..
"သခင်လေးကိုကြိုဆိုပါတယ်"
"..."
'အိမ် ကိုလူတစ်ယောက်ပြန်လာာပဲအဲ့လောက်ဇာချဲ့စရာလိုလို့လား' ဟုခပ်ရွဲ့ရွဲ့တွေးမိသေးသည်။ ထို့နောက်တံခါးနားတွင်ချထားသောသူ့lauggaeကိုအလုပ်သမားတစ်ယောက်ကလာယူပြီးအိမ်ထဲဝင်သွားမှ..
"စော..အိမ်ထဲဝင်လေ ဘာရပ်ကြည့်နေတာလဲ"
"??"
'စော? စော ဆိုတာကဘယ်သူ့ကိုခေါ်လိုက်တာလဲ? '
စောသဒ္ဒါမောင်တစ်ယောက် ဦးနှောက် ကိုအလုပ်ပေးစွာတွေးနေသမျှ စိတ်မရှည်ဟန်ဖြင့် သူ့လက်ကိုဆွဲ၍အိမ်ထဲသို့ခေါ်လာသောမိုးလုံးမှိုင်း၏လုပ်ရပ်အပြီးမှာတော့အဖြေကိုရှာတွေ့ခဲ့လေသည်။
'ဪ..ငါ့ကိုခေါ်တာပဲ။ ဒါနဲ့နေပါဦးသူကဘယ်အချိန်ကများခွင့်ပြုချက်ရသွားလို့ငါ့နာမည်ကို အဖျားဆွတ်ခေါ်ရတာလဲ? ထားပါတော့လေ နာမည်လေးတစ်လုံးပါပဲ သူခေါ်ချင်သလိုသာခေါ်ပါစေတော့ ငါကပဲနားလည်ပေးလိုက်ပါ့မယ်'
ထိုနာမည်ကိုမိုးလုံးမှိုင်း၏နှုတ်ဖျားမှခေါ်လိုက်စဥ် သူ့ရင်ထဲတွင် နွေးထွေးသောစီးကြောင်းလေးတစ်ခုဖြတ်သန်းသွားတာကိုတော့သူဝန်ခံရမည်။ ထူးဆန်း၍အကျွမ်းတဝင်ရှိသောခံစားချက်မျိုးပင်။
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Mystère / Thriller"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...