1968.8.21,
ဒီနေ့မိုးရွာတယ်
သခင်လေးနဲ့အတူစာကြည့်ခန်းမှာပဲအချိန်ကုန်ဖြစ်တယ်
သခင်လေးက ပထမသခင်လေးကို ကိုကိုကြီးလို့ခေါ်တာကိုကြားပြီး သူ့ကိုလည်းကိုကိုလေးလို့ခေါ်ရမယ်တဲ့
ရင်ထဲကနေပြီးမြတ်နိုးစွာခေါ်မိတယ် ကိုကိုလေးလို့....
သခင်လေးအနားမှာအမြဲရှိခွင့်ရလို့ အရမ်းပျော်တာပဲ.......
...............................................
ကွန်းခိုရာစံအိမ်ကြီးရဲ့အပေါ်ဆုံးထပ်တွင်ရှိသော ကိုကိုလေးအခန်းနားရောက်တော့ သာယာလွမ်းဆွေးဖွယ်ကောင်းသောစန္နယားသံကိုကြားရသဖြင့်တံခါးမခေါက်သေးပဲအပြင်မှာရပ်၍နားထောင်နေလိုက်သည်။ သီချင်းသံဆုံးသွားတော့မှအခန်းတံခါးခေါက်၍ သူရောက်ရှိကြောင်းအခန်းထဲကလူသားအားအသိပေးလိုက်တော့..
" လုံးငယ်လား...ဝင်ခဲ့လေ "
ကွန်းခိုရာအခန်းထဲရောက်တော့ ကိုကိုလေးကစန္နယားအဖုံးကိုပြန်ပိတ်ပြီး အိပ်ရာအနီးရြှိပတင်းပေါက်ကိုဖွင့်လိုက်သည်။အိပ်ရာဘေးကစားပွဲပေါ်တွင်တင်ထားသောစီးကရက်ဘူးထဲမှစီးကရက်တစ်လိပ်ကို ဆွဲယူပြီးဗူးကိုစားပွဲပေါ်သို့ပြန်တင်လိုက်သည်။ ထို့နောက်သူတစ်ယောက်တည်း၏ အပိုင်ဖြစ်ကြောင်းတံဆိတ်ခတ်ထားသောငွေရောင်မီးခြစ်လေးနှင့်မီးညှိပြီး ပါးစပ်ထဲကအငွေ့များအားပြတင်းပေါက်အပြင်ဘက်သို့မှုတ်ထုတ်နေပုံမှာအတော် ကြည့်ကောင်းသဖြင့် ကွန်းခိုရာမျက်တောင်မခတ်ဘဲကြည့်နေလိုက်သည်။
" မင်းဘဝမှာ ထွက်ပြေးချင်လောက်အောင်စိတ်ရှုပ်ဖူးလား "
စီးကရက်ကိုခပ်ပြင်းပြင်းရှိုက်ရင်းမှအဆက်အစပ်မရှိမေးလာသောမေးခွန်းကိုဖြေရန် ကွန်းခိုရာတွင်အဖြေမရှိ။ ထိုလူသားကလည်းသူ့ထံမှအဖြေကို လိုအပ်ဟန်မတူပါ။ ဟက်ခနဲတစ်ချက်ရယ်ရင်းမှ...
" မင်းသိလားလုံးငယ် ဘဝမှာစိတ်ပျက်ဖို့အကောင်းဆုံးက ကိုယ်နေချင်တဲ့အတိုင်းစိတ်ကြိုက်မနေရတာပဲ ကိုကိုကြီးကတော့ သူစိတ်ချမ်းသာမယ့်လမ်းကိုရွေးချယ်သွားပြီ ..သူကကိုယ့်ကိုဒီစိတ်ပျက်စရာအရှုပ်တွေကြားထဲထားခဲ့တယ်..ကိုယ်သူ့ကိုမုန်းလိုက်ချင်ပေမယ့် သူ့ကိုနားလည်ပေးနေသေးတဲ့ ကိုယ့်စိတ်ကို ကိုယ်တိုင်လည်းနားမလည်ဘူး.. "
YOU ARE READING
သံသရာအဆက်ဆက်တိုင်အောင်( Completed)
Детектив / Триллер"ကျေးဇူးပြုပြီးကိုယ့်ကိုစောင့်နေပေးပါ'စော' ကိုယ်မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်..သေခြင်းတရားဖြစ်စေဦးတော့ကိုယ်တို့နှစ်ယောက်ကိုခွဲလို့မရစေဘူး" "နောက်ဘဝမှာပြန်ဆုံတွေ့ခဲ့ရင် ကိုယ်ကပဲအရင်မင်းကိုမှတ်မိပါရစေ.. ကိုယ်ကပဲအရင်မင်းကိုစချစ်ပါစေ..." ...
