Zawgyi. Side Story (1)

185 13 0
                                        

At No.Nine Club,

တောက်ပတဲ့မီးရောင်များအောက်တွင် ယောကျာ်း/မိန်းမ gender မခွဲခြားပဲ စိတ်လွတ်ကိုယ်လွတ်ပျော်နေသည်ကိုကြည့်ပြီးစိုင်းသုသျှန်၏စိတ်တို့ပါတက်ကြွလာရသည်။ bar တွင်ကော့တေးပြင်းပြင်းလေးတစ်ခွက်မှာလိုက်ပြီး အရသာခံကာသောက်နေရင်းမှကောင်မလေးလှလှလေးများထံသို့အထာပေးလိုက်သည်။ အနည်းငယ်ခေတ်ဆန်ပြီးသွက်လက်ဟန်တူသောကောင်မလေးတစ်ယောက်ကသူ့ဆီသို့အထာပြန်ပေးလျှင် စိုင်းသုသျှန်၏စိတ်တို့ကမြူးထူးသွားရသည်။

ဒါပဲလေ play boy စိုင်းသုသျှန်တို့ဘဝက ကောငျမလေးမရှား။ ဟိုတလောက မိုးလုံးမှိုင်းတိုက်လိုက်သော suprise gift ကြီးကြောင့်သူ့မှာအနုပညာအသိုင်းအဝိုင်းထဲခြေလှမ်းမချမရဲပေ။ ဒီကြားထဲ boss ကောင်တို့အတွဲ ro တာကို third wheel လေးအဖြစ်အားရပါရကြည့်နေရသေးသည်။ အခုတော့သူ့အလှည့်ပင်။ ကော့တေးအပျော့လေးနောက်တစ်ခွက်မှာပြီး ကောင်မလေးရှိရာပို့ခိုင်းလိုက်ပြီးခဏကြာတော့ ထိုကောင်မလေးကိုသူ့ဆီသို့လာမိတ်ဆက်သည်။

" ဟေ့..ယူ..တစ်ယောက်တည်းလား "

" ကိုယ့်ဘေးကို lady လာထိုင်ရင်တစ်ယောက်တည်းဘယ်ဟုတ်တော့မလဲ "

" ဟင်း..ဟင်း..ယူကစကားတတ်လိုက်တာ.. တို့နာမည်က Merry ယူ့နာမည်ကရော "

" ကိုယ့်က စိုင်းသုသျှန်ပါ ကိုကိုလို့ခေါ်လည်းစိတ်မဆိုးဘူး "

" Ok လေ ကိုကိုလို့ပဲခေါ်တော့မယ် ပိုရင်းနှီးတယ်ခံစားရလို့ "

" Lady သဘော "

Merry နှင့်အကြူဇယားခင်းနေရင်းနှင့် Club အတွင်းတစ်ချက်မျက်စိကစားလိုက်တော့ သူ့နေရာနှင့်မလှမ်းမကမ်းတွင် တွေ့လိုက်ရသော စနေဂြိုလ်ကောင်ကြောင့် မျက်ခုံးတစ်ချက်ပင့်မိသွားသည်။

'ကိုး' ဟုခေါ်သောထိုအကောင်ကြောင့်သူ့baby ရှေ့မှာအရှက်တကွဲအကျိုးနည်းဖြစ်ရသည့်အပြင် သူ့ကိုမြင်တိုင်းနှာဘူးလိုအကြည့်နှင့်ကြည့်သူများကြောင့် အနုပညာအသိုင်းအဝိုင်းကစော်လေးတွေဆိုရင်ဝေးဝေးက ငမ်းခဲ့ရသည်။ ဒါတွေအကုန်အဲ့ဒီ့ရေခဲတုန်းမျက်နှာနှင့်ဂြိုလ်ကောင်ကြောင့်ပင်။ မိုးလုံးမှိုင်းကသူ့ကိုနည်းနည်းပါးပါးလေးပဲပညာပြခိုင်းသည်ကို  အဲ့ကောင်ကသူ့နာမည်နှင့်သောက်ကျိုးနည်း adult toy များကိုသူလိုက်နေသော baby ဆီကိုပို့ခဲ့သည်လေ။

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now