🚫🚫24.(Unicode) သာယာမှုလေးပေးချင်ရုံပါ

1.3K 86 0
                                    

A little warning, please read your own risk.

မိုးလုံးမှိုင်းဝမ်းနည်းနေရှာသောချစ်သူကိုအနမ်းနုနုတို့နှင့်သိမ့်တော့မှ မြတ်နိုးရသူကစိတ်ပြေတော်မူလေသည်။ ဒဏ်ရာရသွားသောလက်ဖဝါးနုနုကိုလည်းအနမ်းတို့သက်ရောက်စေ၍ နာကျင်မှုကိုလျော့ကျစေလိုသည်။ သူ့ရဲ့စောငယ်လေးကတော့ငိုရ၍ပင်ပန်းသွားဟန်တူသည် သူ့ရင်ခွင်ထက်တွင်မှီရင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။

"Ring.... Ring "

ဘောင်းဘီအိပ်ကပ်ထဲမှဖုန်း၏တုန်ခါမှုကြောင့်မိုးလုံးမှိုင်းသည် ​စောသဒ္ဒါမောင့်ကိုယ်လေးကိုသက်တောင့်သက်သာအနေအထားသို့ပြုပြင်ပြီးမှ စာကြည့်ခန်းသို့ထွက်လာခဲ့သည်။

" ပြော.... "

( ဟယ်လိုကိုကို ရွှေစက်ပြန်ရောက်ကြောင်းကို ကိုကိုးပြောပြတယ်မလား မနက်ဖြန်ကျရင်ကိုကို့ကုမ္ပဏီကိုရွှေစက်လာခဲ့မယ်နော်.... ပစ္စည်းလည်းတစ်ခါတည်းယူခဲ့မယ်)

" အင်း... ပစ္စည်းကိုသေချာဂရုစိုက်ယူခဲ့ "

(သိပါတယ်ကိုကိုရဲ့ ဒါဆိုရွှေစက်ဖုန်းချလိုက်ပြီနော်)

ဖုန်းကိုလက်ထဲမှာကိုင်ရင်းမိုးလုံးမှိုင်းအတွေးထဲနစ်မြောနေသည်။ မကြာမီလပြည့်တော့မည် ရိုးရိုးလပြည့်နေ့မဟုတ် ထိုနေ့ကယခင်ဘဝမှ ကွန်းခိုရာနှင့် မှိုင်းသုရှင်တို့အသက်သေဆုံးသောနေ့သဖြင့် အလွန်အရေးကြီးသည်။ ထိုနေ့မတိုင်မီ စောငယ်အရင်မှတ်ဉာဏ်များပြန်ရရန်လိုသည် မဟုတ်ပါက တစ်သက်လုံးသူ့ကိုမှတ်မိမည်မဟုတ်တော့ပေ။ တားမြစ်အစီအရင်အကြောင်းကိုပြည့်ပြည့်စုံစုံသိသူကလည်းယခုအခါတွင်သက်ရှိထင်ရှားမရှိတော့ပေ။

သူသိသည့်တစ်ခုတည်းသောနည်းလမ်းကစောငယ်ကိုသူတို့၏မဂ်လာလက်စွပ်ကိုဝတ်ဆင်ပေးဖို့ဖြစ်သည်။

......................................................

The next day,

" စောငယ်​...ကိုယ်အလုပ်သွားရတော့မယ်..... ဒီနေ့တော့ကိုယ်ဦးလေးလုံကိုသေချာမှာခဲ့ပြီးပြီ အောက်ထပ်ဆင်းမယ်ဆိုလည်းဟိုအမျိုးသမီးတွေနဲ့မရောနဲ့နော် စောငယ်လေးပျင်းနေရင်ကိုယ့်အခန်းထဲကစာအုပ်တွေယူဖတ်နေ laptop လည်းထားခဲ့တယ်နော် "

သံသရာအဆက်ဆက်တိုင်အောင်( Completed)Where stories live. Discover now